တိတ်တခိုး ..... စိုးထိပ်သူ့ ........ရင်
ထောင့် တစ်ညနဲ့  လဲလှယ်ထားရတဲ့ 
အလွမ်းပုံပြင်ရှည်
ဆယ်စုနှစ်တစ်ခုစာ
သံသယနဲ့ အိမ်မက်တွေ ရောထွေးပြီး စားသုံးခဲ့ ရတဲ့ ညများစွာ
တံခါးလာခေါက်တိုင်းလဲ ဖွင့် ထားပါတယ်လို့  ပြောဖို့ 
ဆွံအ နေတတ်တဲ့  လူတစ်ယောက်ရဲ့  မနက်ဖြန်တွေကို
မင်း ဘယ်လိုအဆုံးသတ်ပေးနိုင်မှာလဲ
လက်ချောင်းနဲ့ ခြေချောင်းတွေ ကို ရေတွက်ကြည့် ရင်
၁၀ ချောင်းစီအပြည့် ပါပဲ
ဒါပေမဲ့ 
သိမ်ငယ်ရလွန်းတဲ့  ငါ့ မနက်ဖြန်တွေမှာ
မင်း နာမည်မထည့် ရက် ဘူး
ဘယ်လောက်ထိ ချစ်ခဲ့ ပါ တယ်ဆိုတဲ့  စကားတွေ
ငါ ပြောမထွက်ခင်
တွယ်ရာမဲ့  လမ်းခရီးမှာ
သံယောဇဉ်တစ်ခု နဲ့  မင်း စောင့် နေနိုင်ပါ့ မလား
ငါတို့ က လမ်းသွားရင်း ခလုပ်တိုက်မိကြပေမဲ့ 
အမှတ်တမဲ့  ဆိုတဲ့  စကားလုံးကိုတော့ 
ငါမေ့ ထားတယ်
မင်း လိုအပ်တာတွေ သိရဲ့ နဲ့ 
မဖြည်းပေးနိုင်တဲ့  ငါ့ ကြမ္မာ ကိုက
မင်း နဲ့  မထိုက်တန်လွန်းတာလား
ဆေးလိပ်မီးခိုးငွေ့ တွေမှုတ်ထုပ်မိတိုင်း
မီးခိုးတွေနဲ့ အတူ မင်း မျောလွင့် ပါသွားမှာလဲ
စိုးထိပ်မိသူ
ငါမင်းကိုအရမ်းချစ်ပါတယ်လို့  တဖွဖွမပြောမိပေမဲ့ 
နှလုံးခုန်တိုင်း သွေးကြောထဲမှာ အဲဒီအသံတွေ တုန်ခါနေဆဲပေါ့ 
ညစဉ် ငါရင်ဖွင့် တဲ့ သီချင်းတွေ မင်း ကြားနိုင်စေဖို့ 
မင်း သွားနေတဲ့  လမ်းခရီးတွေတိုင်း
ထီးတစ်လက်လို အရိပ်ပေးနိုင်မဲ့ 
ဂါထာမန္တာန် တွေလဲ တတ်မြောက်ချင်ရဲ့ 
မင်း အားငယ်ချိန်တိုင်းလဲ အနားမှာဖေးကူသူအဖြစ်
ရောက်ခဲ့ ဖူးသမျ ဘုရား အဆူဆူမှာလဲ ဆုတောင်းပါရဲ့ 
မင်း မသိနိုင်ခဲ့ တဲ့  ငါ့  ကမ္ဘာတစ်ခြမ်းမှာ
ချစ်ခြင်း ရဲ့  မျိုးစေ့ တွေ
ရင့် ရော်နေရော့ မယ် ................... ။
စိုးပိုင်ဦး

Categories:
ကဗျာ