နေ့ သစ် ....... သို့ 
ကမ္ဘာမြေတောင် တိမ်းစောင်းပြီး လည်ပတ်နေခဲ့ ရ
ငါတို့ လဲ
အတိမ်းအစောင်းလေးတွေ ရှိခဲ့ ပေါ့ 
နေကောင်းလား ........အချစ်
ငါတို့  ဝေးနေတဲ့  ညတွေဆို
မင်း
အိမ်မက်ဆိုးတွေနဲ့  ယောင်ယောင် ငိုဖူးရဲ့ 
နင့် အပြုံးတွေမမြင်ရတဲ့ နေ့ တွေဆို
ငါ
အလွမ်း မိုးတိမ်ထူထူ ကို ခိုစီးနေခဲ့ ရ
အချစ်ရေ ....... ပျော်ရွှင်ပါစေ
ငါပို့ ချင်တဲ့ အလွမ်းတွေ နင့် ဆီမရောက်နိုင်ခဲ့ သလို
ငါရေးနေတဲ့  နင့် အိမ်မက်တွေ နင် မသိနိုင်ခဲ့ ဘူး
ငါတို့ ရဲ့  ပစ်မှတ်ဟာ
ဟောဒီ ဗဟိုမှန်းသိရက်နဲ့ 
အကြိမ်ကြိမ်ကြိုးစားတိုင်း ငါ လွဲချော်နေသလို
နင် မျောမဲ့ အလွမ်းပန်းလှေမှာ
နင်ကိုယ်တိုင် ဖေါင် တစ်ခုအဖြစ်မဆောက်နိုင်ခဲ့ သေးဘူး
နေကောင်းလား ........အချစ်
ဘယ်ဘ၀ရောက်ရောက်ဆိုတဲ့ ဆုတောင်းကို
နင် ချွေခဲ့ သလို
ငါ မလစ်ဟင်းခဲ့ ပါဘူး
" ဒီလိုနဲ့ ပဲ " ဆိုတဲ့ ဇာတ်သိမ်းကို
နင် မကြိုက်သလို
ငါလဲ မနှစ်မြို့ ခဲ့ ပါဘူး
နင် ရှေ့ ကိုခြေလှမ်းတွေ ကြိုးစားပြီးတိုးခဲ့ သလို
ငါလဲ တစ်ဖ၀ါးမှနောက်မဆုတ်ခဲ့ တာ
နင် အသိပဲလေ
ဒီနေ့ 
နီးရက်နဲ့  ဝေးရတယ်ဆိုတဲ့  လမ်းအိုဟောင်း ကနေ
နောက်ပြန်လှည့် လိုက်တယ်
ငါ
အလွမ်းတွ အပြည့် တင်လာတဲ့  အခါ
နင်
အနမ်းတွေနဲ့  ဆီးကြိုပါတော့ 
နေကောင်းလား ..... အချစ်
စိုးပိုင်ဦး

Categories:
ကဗျာ