:: Visited My Home ::
free counters
:: My Facebook ::
:: My Multiply ::
Photobucket
ငကျော်လဲလွဲခဲ့ ဖူးတယ်(၂)
ငကျော်လဲလွဲခဲ့ ဖူးတယ်(၂)
ဒီနေ့ စာသင်ခန်းထဲကို ငကျော်မ၀င်သေးပဲ ဘေးနားကလဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ထိုင်နေရင်း
စာသင်ခန်းထဲဝင်ထွက်သွားလာနေတဲ့ ကျောင်းသားတွေကိုထိုင်ငေးနေကြတယ်။ ဟော ...........
မကြာပါဘူး ငကျော်ရဲ့ချစ်သူခင်သက်ဝေနဲ့အေးမာတို့စက်ဘီးလေးနဲ့ရောက်ချလာပါတော့ တယ်..........
ခင်သက်ဝေက စက်ဘီးလေးကိုဒေါက်ထောက်ရင် ငကျော်ကိုတွေ့ တော့ နှစ်လိုဖွယ်အပြုံးတပွင့်ပစ်ပေါက်ရင်း
စာသင်ခန်းထဲလှစ်ကနဲဝင်သွားပါတယ် ။ အဲဒီတော့မှ အေးမာက ငကျော်ကိုတွေ့ သွား
လက်ယပ်ခေါ်အချက်ပြရင်းသူလဲစာသင်ခန်းထဲဝင်သွားပါတော့ တယ် ။အဲဒီမှာ ငကျော် တစ်ယောက်
မျောက်မီးခဲကိုင်မိသလိုဖြစ်သွားပါတော့ တယ် ။
ရင်တွေခုန်လိုက်တာလဲအရမ်းပဲမပြောပါနဲ့ တော့ ။ ရည်းစားဖြစ်တဲ့(၇)ရက်သက်တမ်းမှာဒုတိယအကြိမ်
ရင်ခုန်မြန်ခြင်းပါ။ပထမအကြိမ်ကတော့အဖြေစရတဲ့နေ့ပေါ့။အယောင်ယောင်အနနနဲ့ဝုန်းကနဲထရပ်လိုက်တော့
လက်ဘက်ရည်စားပွဲခုံစောင်းနဲ့ ခါးနဲ့ တိုက်မိပြီးလက်ဘက်ရည်ခွက်တွေ မှောက်ကုန်ပါတော့ တယ်။
သူငယ်ချင်းတွေကလဲ မှောက်သွားတဲ့ ခွက်တွေပြန်တည့်ရင်း ငကျော့် ကိုချီးမွန်းထောမနာပြုပါတယ် ။
“သောက်ရူးဘာထဖြစ်တာလဲ”
“လဒ ခွက်တွေမှောက်ကုန်ပီ တော်သေးတာပေါ့ သောက်ပြီးသွားလို့ နို့ မို့ မင်းဒီဝိုင်းရှင်းရမှာ”
ငကျော်လဲသူငယ်ချင်းတွေကိုမနည်းတောင်းပန်ပြီး စာသင်ခန်းထဲလိုက်ဝင်ရပါတော့တယ် ။
စာသင်ခန်းအ၀မှာပဲအေးမာကလဲစောင့်နေပါတယ် ။
ငကျော့် လဲတွေ့ ရောအေးမာက ပီကေလေးတစ်ခု လှမ်းပေးပြီးတော့ နင့် ကိုသူပေးခိုင်းလိုက်တာလို့ ပြောပြီး
အတန်းရှေ့ မှာသွားထိုင်နေပါတယ် ။
ချစ်သူကလဲလှည်တောင်မကြည့် ဘူးဆိုတော့  ငကျော်ရင်ထဲနည်းနည်းထိတ်သွားတယ် ။
ပီကေလေးကို လက်ထဲမှာကိုင်လာရင်း လဘက်ရည်ဆိုင်ကို ပြန်လာခဲ့ တယ် ။
“ဘာဖြစ်တာလဲ”ဆောင်းဦးလှိုင်ကစမေးပါတော့ တယ် ။
ဆောင်းဦးလှိုင်ဆိုလို့ အဆိုတော်ဆောင်းဦးလှိုင် မဟုတ်ပါ။ ဒီကောင်ကမျက်စေ့စောင်းနေလို့ ချစ်စနိုးပေးထားတဲ့ နာမည်ပါ ။
ဒါနဲ့ ငကျော်လည်း လက်ထဲက ပီကေလေးကိုထုတ်ပြလိုက်တယ်။ အဲဒီပီကေကိုဖြတ်ကနဲ
ဆွဲယူလိုက်တာကတော့ စာပိန်ညောင်ပါ ။ သူ့ နာမည်အရင်းက ကျော်သူ ပါ ။
လူကောင်သေးတဲ့လူဆိုရင်စာကလေးကိုချစ်စနိုးခေါ်ကြပါတယ်။ဒီကောင်ကစာကလေးလိုခေါ်တဲ့ကောင်ထက်
ပိုသေးပီးပိန်နေလို့  “ပိန်ညောင်”ဆိုတဲ့ ဝိသေသ ကို ထပ်ဖြည့် ပေးလိုက်ရတာပါ ။
စာပိန်ညောင် က ပီကေကို ဖြည်လိုက်ရင်း သူ့ အသံစူးစူးလေးနဲ့ အလန့် တကြားထအော်ပါတော့ တယ် ။
“စာရေးထားတယ်ကွအထဲမှာ”
ဟုတ်ပါတယ် ပီကေ အခွံ လေးမှာစာတိုလေးရေးထားပါတယ် ။
 “  ည(၇)နာရီကိုမောင်သက်တို့ အိမ်ရှေ့ ကစောင့်  ” ဒါပဲ
တကယ့် စာတိုလေးပါ သူငယ်ချင်းတွေနဲ့ ခေါင်းခြင်းစဆိုင်ရပါပြီ ငကျော်တစ်ယောက် ။
ဟေ့ယောင် ကိုမောင်သက် ဆိုတာကိုသိလား ။
စာပိန်ညောင်က
“အမ် ဘယ်လိုလုပ်သိမှာလဲဟ မင်းရော” ဆိုပြီး ဆောင်းဦးလှိုင်ကိုမေးတော့  ဒီကောင်ကစကားတောင်
ပြန်မပြောနိုင်ပဲ လေးတွဲစာ ခေါင်းရမ်းပြပါတယ် ။
“ဟာ  အဲဒါမှသောက်ပြသနာပဲ ငါလဲမသိဘူးကွ”
ငကျော်တစ်ယောက်ဗျာပွေသွားပါပြီ။ခေါင်းထဲမှာလဲကိုမောင်သက်ဆိုတဲ့လူကိုအပြေးအလွား
စဉ်းစားနေရပါပြီ ။
တအောင့် ကြာတော့  ဆောင်းဦးလှိုင်ဆီကအသံထွက်လာပါတယ်။
“သူတို့ အိမ်နားကဖြစ်မယ်ကွ”
စာပိန်ညောင်ကလဲ ဒီအဆိုကိုထောက်ခံလိုက်ပါတယ်။
“ဟုတ်လောက်တယ်ကွ”
ငကျော်က
“ဒီလိုဆိုဘယ်လိုလုပ်ကြမလဲ”
ဟုတိုင်ပင်ရပါတော့ တယ်။ ဥာဏ်ကြီးရှင်စာပိန်ညောင်က
“မင်းကလဲကွာ ည(၆)နာရီခွဲလောက်သူတို့ လမ်းသွားပြီး ကိုမောင်သက်တို့ အိမ်ဘယ်မှာလဲလို့ မေးလိုက်ရင်
ရတာပဲဟာကို ”
“အေးကွ ဟုတ်တယ် ”
ဆောင်းဦးလှိုင် က ၀င်ရောက်ထောက်ခံပါပြီ ။
ဆရာကလဲစာသင်ခန်းထဲဝင်သွားပီမို့  ငကျော်တို့ လဲ လဘက်ရည်ဖိုးရှင်းပြီးလိုက်ဝင်ရပါတော့ တယ်။
တနေ့လုံး ဆရာစာသင်တာကို ဘာစိတ်မှမ၀င်စားတော့ပဲကိုမောင်သက်အကြောင်းပဲ
စဉ်းစားနေမိပါတော့ တယ်။
နောက်ပီးချစ်သူလေးနဲ့ ဘယ်ကိုသွားရင်ကောင်းမလဲဆိုတာ တွေးရင်းရင်တဖိုဖိုနဲ့ ပေါ့ ။
ဒီလိုနဲ့ စာသင်ချိန်တွေပြီးဆုံးသွားလို့  ကျောင်းဆင်းလာခဲ့ ပါပြီ။ချစ်သူလေးကလဲ စက်ဘီးပေါ်မတက်ခင်
အပြုံးနဲ့ လက်ကလေးပြနှုတ်ဆက်ပါတယ် ။ ငကျော်လဲ ကြောင်အမ်းအမ်းနဲ့ ပြန်ပြီးလက်ပြခဲ့ရပါတော့တယ် ။
အဲဒါနဲ့ မပြီးသေးဘူး ဟိုနှစ်ကောင်ကိုလဲ စစ်ကူခေါ်ရပါတယ် ။ သူတို့ ကလဲ အရမ်းကိုသူငယ်ချင်းပီသတဲ့
ကောင်တွေမဟုတ်လား ။ ချက်ခြင်းကိုစနစ်တကျငြင်းကြပါတော့တယ် ။
“ငါမအားဘူးကွ အမေ့ကို အဖွားတွေအိမ် လိုက်ပို့ ပေးရမယ် ”
အရင်ဆုံးစပီးငြင်းတာက စာပိန်ညောင်ပါ ။
“ငါလည်း အဲဒီအချိန် အိမ်မှာဈေးကူရောင်းပေးရမယ်ကွ မအားဘူး”
ဒါကလဲ ဆောင်းဦးလှိုင်ရဲ့ မဆိုင်းမတွအဖြေပါ ။တဆက်တည်း
“မင်းကလဲကွာ ရည်းစားနဲ့ ချိန်းတွေ့ တာပဲ တစ်ယောက်တည်းသွားလည်း ရတာပဲ”တဲ့  ။
“အေးကွာဒါဆိုလဲငါ့ ဟာငါပဲသွားလိုက်ပါ့ မယ်”လို့ 
ငကျော်လဲပြောခဲ့ ပြီးသူငယ်ချင်းတွေလမ်းခွဲလိုက်ကြတယ်။
အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး အမွေးနံ့တွေ တထောင်းထာင်းထနေအောင်မွန်ထွန်နေအောင်ဆွတ်ထားတဲ့ ငကျော်ကို အမေကလဲတကြည့် ကြည့် နဲ့ ပါ။ နာရီတကြည့် ကြည့် နဲ့ ဂဏာမညိမ်ဖြစ်နေတဲ့ ငကျော်ကို
အမေ တောင်အမြင်ကပ်လာပုံရပါတယ် ။
“ငကျော် နင်ဒီနေ့ ဘာဖြစ်နေတာလဲ”
အမေ စမေးပါပြီ ။
“အာ ............. သားဘာမှမဖြစ်ပါဘူး အမေရ”
ဟု ပြန်ပြောရင်း စက်ဘီးလေးတွန်းပြီး ငကျော် အမြန်လစ်ထွက်လာခဲ့ရပါတယ်။ အချိန်က (၅)နာရီခွဲပဲရှိသေးတယ် စောနေသေးတယ်လေ ။
ထိုင်နေကျ လက်ဘက်ရည်ဆိုင်သွားပြီး လက်ဘက်ရည်တစ်ခွက်နဲ့ အချိန်ဖြုန်းနေလိုက်ရတယ် ။
ဟော ၆ နာရီ ၁၅ မိနစ် ငကျော်မအောင့် နိုင်တော့ ပါ ။
ချစ်သူတို့လမ်းကို စက်ဘီးလေနဲ့ ထွက်လာခဲ့ပါတော့တယ်။ လမ်းထဲကဈေးဆိုင်လေးမှာ စီးကရက်ဝင်ဝယ်သလိုနဲ့ ကိုမောင်သက် အကြောင်းကိုစတင် စနည်းနာရပါပြီး ။
“အန်တီ ဒီလမ်းထဲမှာ ကိုမောင်သက်တို့ အိမ်ကဘယ်နားမှာလဲဗျ”
ငကျော်စမေးလိုက်ပါပြီ ။ အဒေါ်ကြီးတစ်ချက်စဉ်းစားလိုက်ဟန်နဲ့ ပြန်ဖြေပါတယ် ။
“ဒီလမ်းထဲမှာကိုမောင်သက်ဆိုတာမရှိပါဘူးကလေးရဲ့ ”
“ ဗျာ ” ဒီအာမေဋိတ်သံတော်တော်ကျယ်သွားလို့ 
အဒေါ်ကြီးတောင်တွန့် သွားတယ် ။
“ဟုတ် .... ဟုတ် လို့ လားအန်တီရာ”
အထစ်ထစ်အငေါ့ ငေါ့ နဲ့ ငကျော်အမေးအတွက် အဖြေကလဲရှင်းပါတယ်
“ငါဒီလမ်းမှာနေလာတာ အနှစ် ၃၀ ကျော်နေပြီ ဒီနာမည်ဒီလမ်းမှာမရှိဘူး”တဲ့ 
ငကျော်ရူးချင်သလိုဖြစ်သွားတယ် အဒေါ်ကြီးကဆက်ပြောပါတယ်
“ဟိုဘက်လမ်းသွားကြည့် ပါလားရှိရင်ရှိမှာပေါ့ ”
“ဟင်”ငကျော်တွေဝေသွားပါတယ် ။
နောက်တော့ မှ ဒီအန်တီပြောတာဖြစ်နိုင်တယ်ဆိုပြီး နောက်တစ်လမ်းကိုစက်ဘီးလေးနဲ့ ထွက်လာခဲ့ တယ်။
အရင်လိုပဲ ဈေးဆိုင်လေးမှာ စီးကရက်ဝယ်သလိုနဲ့မေးကြည့်တော့အဖြေတွေကစောစောကအတိုင်းပဲဆိုတော့ ငကျော်သွေးပျက်လာပါတော့ တယ်တလမ်းဝင်တလမ်းထွက်နဲ့ ငကျော်မေးလာလိုက်တာ (ရ)နာရီလဲတီးပါပြီ ။
ဘယ်လိုမှလဲမေးလို့ မရပါဘူး ။
“ကိုမောင်သက်ရေ” “ကိုမောင်သက်ရေ” နဲ့  အော်ခေါ်ချင်စိတ်ပေါက်လာပါတော့ တယ်
တဖြည်းဖြည်းနဲ့ (ရ)နာရီလဲကျော်လာပါပြီ ။ ဘယ်လိုမှလဲမေးလို့ မရတော့ ပါဘူး ။
တလမ်းမှာတော့ နဲနဲထူးခြားလာပါတယ် ။ “ကိုမောင်သက်တော့ မရှိဘူးကွ ဦးမောင်သက်ပဲရှိတယ် ”
“ဗျာ” “ဘယ်နားကအိမ်လဲဗျာ”
“ဒီအိမ်လေကွာ ငါကဦးမောင်သက်ပေါ့ ဘာလုပ်ဖို့ လဲ”
“ဟာ ဘာမှမလုပ်ပါဘူး ကျွန်တော်က ကိုမောင်သက်ကိုရှာတာပါ”
လို့ ပြောပြီးမနဲလစ်ထွက်လာခဲ့ ရတယ် ။ အနီးနားပတ်ဝန်းကျင်ကိုဝေ့ ပြီးချစ်သူအရိပ်အယောင်လဲ
မသိမသာရှာကြည့်လိုက်သေးတယ် ဘယ်သူမှမရှိပါ။ ဒီအိမ်လဲမဟုတ်လောက်ပါဘူးဆိုပြီး နာရီငုံ့ကြည့် လိုက်တော့ (၈)နာရီတီးခဲ့ ပါပြီ ။တစ်ကိုယ်လုံးလဲချွေးစေးတွေနဲ့ မွန်းကြပ်နေသလို လူကလဲ
ခြေပစ်လက်ပစ်ကျချင်နေပါပြီ ။
ချိန်းဆိုထားမှု့ဟာပိုးဆိုးပက်စက်လွဲချော်ခဲ့ပြီမှန်း ငကျော်သိလိုက်ပါပြီ။နက်ဖြန်ချစ်သူကိုဘယ်လိုဖြေရှင်းရမှန်း
ငကျော်ခေါင်းကိုက်လာပါပြီ။အားကိုးစရာဆိုလို့လည်းစာပိန်ညောင်ရယ်ဆောင်းဦးလှိုင်ရယ်အေးမာရယ်ပဲရှိတော့တယ်။
ဒီလိုနဲ့ ငကျော် အိမ်ကိုပြန်လာခဲ့ ရပါတော့ တယ် ။ မနက်ကျောင်းတက်ချိန်ရောက်တော့ လဘက်ရည်ဆိုင်မှာ
ဟိုနှစ်ကောင်ကိုအရင်တိုင်ပင်ရပါတယ် ။ သူတို့ ကလဲဖြေတာရှင်းပါတယ်
“ ကိုမောင်သက်ကို ရှာလို့ မတွေ့ ဘူးပြောလိုက်ပေါ့ ကွာ”တဲ့ 
ငကျော်လဲသူတို့ စကားကြားတော့ နဲနဲအားရှိသွားတယ်။ မကြာပါဘူးလာပါပြီ ချစ်သူနဲ့  အေးမာ ။
၂ယောက်စလုံးမျက်နှာတွေကတင်းမာနေပါတယ်။ချစ်သူကတစ်ချက်လေးတောင် လှည့် မကြည့်ပဲ
စာသင်ခန်းထဲတန်းဝင်သွားပါတယ်
အေးမာကလဲ လက်ညိုးတစ်ချောင်းထောင်ပြပြီးသတိပေးသွားတယ်။
ငကျော်မနေနိုင်ဘူး နောက်ကနေအပြေးလိုက်သွားရတယ်။စာသင်ခန်းဝမှာပဲ အေးမာကစောင့် နေပါတယ် ။
ချစ်သူကတော့ သူ့ ထိုင်ခုံမှာ ကျောက်ရုပ်လိုထိုင်နေပါတယ် ။အေးမာကစမေးပါတယ်
“ဟဲ့   နင်ညက ဘယ်မှာသွားသေနေတာလဲ မသာကောင်”
“ဟာ  ငါညက ကိုမောင်သက်တို့ အိမ်ကိုတညလုံးရှာနေရတာလေ”
ငကျော်ကပြန်ပြောလိုက်တယ်။ အေးမာက
“ဘာလုပ်ဖို့ လဲ ကိုမောင်သက်အိမ်ကိုရှာတာ”
“ဟ  သူ ညကငါ့ ကို ကိုမောင်သက်တို့ အိမ်ရှေ့ ကစောင့် ခိုင်းလို့ လေ”
လို့ ငကျော်ပြန်ပြောပီးတော့ ပီကေ အိပ်ခွံလေးကစာကိုပြလိုက်တယ်။
အဲဒီစာကိုအေးမာပြန်ဖတ်လိုက်ပြီးတော့ ဒေါသပိုထွက်လာဟန်နဲ့ 
“ဟဲ့   ငတုံး ရဲ့ နင့် ကိုညက သူတို့ အိမ်ရှေ့ မှာစောင့် နေခိုင်းတာဟဲ”
ဘယ်ကမှကိုမောင်သက် ဆိုတာမပါးဘူးဆိုပြီး စာကိုသူက ပြန်ဖတ်ပြပါတော့ တယ်။
ည(ရ)နာရီကို 'မောင်' ' သက် ' တို့ အိမ်ရှေ့ ကစောင့် နေ လို့ ပြောတာဟဲ့ ”
ဆိုပြီးသူ့ လက်ထဲကစာအုပ်နဲ့  ငကျော့် ခေါင်းကို ၄/၅ ချက်ထုရိုက်သွားပါတော့ တယ်။
အဲဒီတော့ မှငကျော်လဲစာအဓ်ပ္ပယ်ကိုသဘောပေါက်ပြီး
ဒီတစ်ခါတော့ ခပ်ကျယ်ကျယ်လေး “ငကျော်ရေ လွဲလိုက်စမ်းကွာ သေကွာ” လို့ 
အော်ဟစ်လိုက်ပါတော့ တယ် ။
မိုးမြင့် သီဟ
(ချစ်ခြင်းမေတ္တာတေးသွာ)
Posted by မိုးမြင့်သီဟ 0 comments»
ငကျော်လဲလွဲ ခဲ့  ဖူးပါတယ်
ငကျော်လဲလွဲ ခဲ့  ဖူးပါတယ်
ငကျော် ဒီနေ့ ကျူရှင် ကို အစောဆုံးရောက်လာခဲ့ ပါတယ် ။
မနက် ၆ နာရီ ။ သေချာအောင်
စာသင်ခန်းထဲဝင်ကြည့် လိုက်သေးတယ် ။
ဘယ်သူမှမရောက်သေးပါ ။
ဆရာ့ အိမ်ခန်းဖက်ဝေ့ ကြည်လိုက်တော့ 
ဆရာ့ ယောက်ဖ ကိုအောင်ဝင်း မျက်နှာသစ်နေတာ
ကိုတွေ့ လိုက်ရတယ် ။
ငကျော်ကလဲ ကိုအောင်ဝင်းကို“ အကိုရေ ဆရာနိုးပြီလား ”
လို့ မေးတော
ဆရာအိပ်တုန်းဆိုတာသိလိုက်ရပါတယ်စာသင်ခန်းနဲ့ 
ဆရာ့  အိမ်က
တဆက်တည်း။ နံရံပဲခြားပါတယ်။ ဒီလိုနဲ့ 
ငကျော်တစ်ယောက် ခြံဝ က
အုပ်ခုံမှာစိတ်ချလက်ချထိုင် နေလိုက်ပါတော့ 
တယ် ။ တကယ်တော့ 
ငကျော်ကမြို့ ရဲ
အထက်ပိုင်းမှာနေတာပါ ဒီကျူရှင်က
မြို့ ရဲ့ အောက်ပိုင်းလို့ ဆိုရမှာ ။
၉တန်းထိ သင်လာတဲဆရာက ၁၀ တန်းနှစ်ကြမှ
တခြားမြို့ ကိုပြောင်းသွားခဲ့လို့ 
အောက်ပိုင်းကဆရာ ဆီပြောင်းသင်ရတာပါ ။
မြို့ အတက်ပိုင်း နဲ့အောက်ပိုင်းဆိုတာကလဲ
အရေးအကြောင်းရှိမှ
သွားလာဆက်ဆံကြတာပေါ့  ။
ငကျော်တစ်ယောက် အဲဒီလိုနဲထိုင်ကြည့် 
နေရင်း ကျောင်းသား
တွေသာတစ်ယောက်ပီးတစ်ယောက်စာသင်ခန်းထဲ
ဝင်ကုန်ကြတယ်  ငကျော်                   
မ၀င်နိုင်သေးပါ ။စာသင်ချိန်ရောက်ပီမို့ ဆရာက
စာသင်ခန်းဆီဝင်ပြီး စာသင်ဖို နိဒန်းပျိုးနေပါပြီ
 ငကျော်ကြားနေရပါတယ် ။
စိတ်ထဲမှာတော့ ချီတုံချတုန်
ဖြစ်နေတုန်းပါ ။စာသင်ခန်းထဲနောက်ဆုံး
ဝင်လာသူက ဆောင်းဦးလှိုင် ပါ ။
အဆိုတော်ဆောင်းဦးလှိုင်မဟုတ်ပါ ။ 
တကယ်တော့  (စောင်းဦးလှိုင်)လို့  ခေါ်ရမှာပါ ။
ဒီကောင်ကမျက်စေ့စောင်းနေတဲ့အတွက်
သူငယ်ချင်းတွေကချစ်စနိုးခေါ်တဲ့ နာမည်ပါ ။
သူ့ နာမည်အရင်းကမျိုးဝင်း ပါ ။
ဒီကောင်ကလဲ သူ့ ကိုယ်သူ နောက်ကျနေ
ပြီလို့ ထင်ပြီးအမော်တကောနဲ့ 
ပေါက်ချလာတဲ့ ကောင်ပါ ။ ခြံဝမှာထိုင်နေတဲ့ 
ငကျော့ ကိုနေတွတော့ “ဟစ်ယောင် လာလေ ”
လို့ ပြောပြီးစာသင်ခန်းရဲ
နေရာလွတ်မှာဝင်ပြီးတော့ နေရာယူလိုက်ပါတယ် ။
နာရီကြည့် လိုက်တော့ စာသင်ချိနဟာ ၁၀
မိနစ်စွန်းနေပါပြီ ။ ဆရာလဲစာသင်နေပါပြီ ။
ငကျော် လဲ လွယ်အိပ်ကို
ပျင်းရိလေးတွဲစွာလက်တစ်ဖက်နဲ့ 
ဆွဲယူရင်းစာသင်ခန်းရဲ့ နေရာအလွတ်မှာ
နေရာဝင်ယူလိုက်ရပါတော့တယ် ။
                     အိုမင်းရင်ရော်နေတဲ့ 
စိတ်နဲ ဆရာကိုတစ်ချက်မော့ ကြည့် ရင်း
သင်ခန်းစာနဲသက်ဆိုင်တဲ့ 
စာအုပ်တွေကို စားပွဲပေါ်ဖြန့် ခင်းလိုက်ပါတယ် ။
တစ်စုံတစ်ခုကိုမျော်ကိုးနေမိတဲစိတ်
အခံလေးနဲ့ စာသင်ခန်းထဲကို တစ်ချက်
          ဟာ …………….အဲဒီ အာမေဋိတ်သံ
ဟာ ငကျော့် ရင်ထဲ
ပွက်လောရိုက်သွားပါတယ်။ ငကျော့် 
မျက်လုံးရဲ့ ဆုံချက်ဟာ တစ်နေရာ
အရောက်မှာ ရပ်တန့် သွားပါရောလား ။
ငကျော် ခေါင်းနပန်း ကြီးသွားတယ် ။
အံလဲအံသြသွားတယ်။ တစ်ညလုံး
ကိုက်တဲ့ ဂျပိုး ခုမှမိတယ်ဆိုတဲ့  မျက်နှာပေးနဲ့
အဲဒီနေရာလေးကိုပျော်ရွှင်ခွင့် လွတ်
ကျေနပ်ခြင်းများစွာနဲ့ စူးရဲစွာကြည့် နေမိ
ပါတော့ တယ် ။စိတ်ထဲမှာလဲ
“နတ်သမီးရယ် မင်းဘယ်ကနေရောက်
လာတာလဲကွယ်” လို့ရေရွတ်နေမိတယ် ။
ဆရာ့ ရဲ့ သင်ကြားပိုချချက်တွေ ငကျော် အာရုံ
မရောက်တိုင်တော့ပါဘူး ။
ငကျော့် ရဲ့  မျက်လုံးတွေက နှစ်ခုံကျော်က
ဂျပိုးမ(အဲလေနတ်သမီး)ဆီရောက်နေခဲ့ ပါပြီ ။
ပြီးတော့  ငကျော်လဲ အံသြနေရ
ပါတယ် ။တစ်ချိန်လုံးထိုင်စောင့် 
နေခဲ့ ရတဲ့ နတ်သမီးလေးဟာခုတော့ စာသင်ခုံမှာ အကျအန
နေရာယူနေတာကိုး ။ငကျော့် မျက်လုံးတွေကတော့ 
မခွာတော့ ပါ ။နတ်သမီးရဲ
ဆံနွယ်အယိမ်းအနွဲ့ နဲ့ ကျောပြင်လေးကိုတပ်မက်စွာ
ငေးကြည့် နေမိရဲ့  ။
ဒီအဖြစ်အပျက်ရိပ်မိသွားတဲဆရာကလဲ
စာသင်ခုံပေါ်ကနေ စာကိုစိတ်ဝင်စားပါ
ဆိုတဲ့ မျက်လုံးနဲငကျော့် ကို မက်ဆေ့ ပို့ 
နေပါတော့ တယ် ။ ငကျော် ဘယ်
လောက်တောင်ရစ်မူးခဲ့ မိသွားပါလိမ့် ။
ငကျော်ကလဲ မခေ ပါဘူး ဆရာရယ်
ဒါလေးတော့ ခွင်လွတ်ပေးပါဆိုတဲ့ 
မျက်ဝန်းလေးနဲ့ ပင့် သက်ရင်း ဆရာ့ ကို
ပြန်ကြည့် လိုက်ပါသေးတယ် ။ ဒါတင်ဘယ်ကမလဲ
ဆရာရယ် ဆရာလဲငယ်ရာကကြီးလာတာပဲဒါလေးတွေ
တော့ ခွင့် လွတ်လိုက်ပါ ဆိုတဲ့ 
မျက်နှာပေးနဲ့မျက်စေ့ တစ်ဖက်တောင်
မှိတ်ပြခဲ့ မိသေးလားတောင်မသိ ။
ဒီလိုနဲ့ နတ်သမီးလေးကိုဆက်ပြီး
ငေးနေပြန်တော့ တယ် ။ ဆရာကလဲ
မခေပါဘူးစာကိုစိတ်ဝင်စားမှု့ အားနည်းနေတဲ့ 
ငကျော့် ကို မတ်တတ်ရပ်ခိုင်းပြီးတော့ပုစ္ဆာတစ်ခုကို
မေးပါတော့ တယ် ။ ဘာမှမသိလိုက်တဲ့ငကျော်အတွက်
အဖြေဟာလဲပေါက်တတ်ကရပါ ။
စာသင်ခန်းတစ်ခုလုံး “၀ါး ”ကနဲ ၀ိုင်းရယ်
ကြပါတော့ တယ်။ဒါကိုလဲ ငကျော်
စိတ်မနာနိုင်ခဲ့ ပါဘူး ဘာလို့ လဲဆိုတော့ 
သူချစ်တဲ့ နတ်သမီး လေးလဲပါးစပ်ကို
လက်ဝါးနဲ့ အုပ်ရင်း “ခစ်” ကနဲခပ်တိုးတိုး
ရယ်သံလေးကိုငကျော် ကြားလိုက်မိတာကိုး ။
ဒီရယ်သံလေးက ငကျော့် 
အတွက်တော့ ကမ္ဘာမြေကြီးဟာ အိုးထိန်းစက်လို
သွက်သွက် ခါရင်ခုန်စေခဲ့ 
ပါတော့ တယ် ။နတ်သမီးလေးအတွက်
ပျော်ရွှင်စရာတွေဆောင်ကျဉ်းပေးနိုင်ခဲ့ပါလားလို့ 
တောင် လူပုံအလည် စာမဖြေနိုင်ခဲ့ တဲ့  ငကျော် စိတ်ကြီးဝင်
စေခဲ့ ပါတယ် ။ဒီလိုနဲ့ စာသင်ချိန်ဟာပြီးဆုံးသွား
ခဲ့ ပါတယ် ။ ငကျော် စာသင်ခန်း
ကနေအစောဆုံးပြေးထွက်လာခဲ့ ပြီး
ခြံဝက အုတ်ခုံမှာနေရာယူလိုက်ပါတယ် ။
အကြောင်းကနတ်သမီးလေးထွက်လာရင်
သူ့ နောက်ကလိုက်ပြီး ချစ်ခြင်းရဲ 
အရိပ်အမြွက်တခုခုပြမယ်လို့ အားတင်း
ထားလို့ ပါ ။ နောက်ထပ်စာသင်ချိန်ဟာ
(၉)တန်းအချိန်မှန်းငကျော်သိထားပါတယ် ။
ဒါပေမဲ့ နတ်သမီးလေးက ထွက်မ
လာခဲ့ ပါဘူး ။ငကျော် ဇဝေဇ၀ါ ဖြစ်စပြု
လာပါပြီ ။ (၁၀)တန်းအထွက် (၉)တန်း
အ၀င်မှာနဲနဲရှုပ်သွားလို့များငကျော်မမြင်
လိုက်တာလားလို့ လဲတွေးမိလိုက်တယ်။
နောက်နေ့ မှာလဲထုံးစံအတိုင်း ငကျော်
ကျူရှင်ကို အစောဆုံရောက်ခဲ့ ပါတယ် ။
ခြံဝကနေအသေအချာထိုင်စောင့် နေခဲ့ ပြန်ပါတယ် ။
မနေ့ ကလိုပဲ နတ်သမီး
လေးကိုမျော်နေခဲ့ ပါတယ် ။
ကျောင်းသားတွေသာကုန်လို့ ဆရာစာသင်နေပါပြီ။
နတ်သမီးလေးရောက်မလာခဲ့ ပါဘူး ။
ငကျော် လေးကန်စွာနဲ့  စာသင်ခန်းထဲ
ဝင်လိုက်ပါတယ် ။မသင်္ကာတဲ့ မျက်လုံးနဲ့ 
စာသင်ခန်းထဲ့  ဝေ့ ကြည့် လိုက်တော့ 
နတ်သမီးလေးနေရာပြောင်းထိုင်နေတာကို
တွေ့ လိုက်ရပါတယ် ။ ဘာပဲဖြစ်ဖြစ်
ငကျော်အရမ်းဝမ်းသာသွားပါတယ် ။
မနေ့ ကလိုမျက်လုံးမျိုးနဲ့ ငကျော် ငေးနေ
မိပြန်ပါတယ် ။ဒီလောက်နဲ့ ဘယ်ရမလဲ
ဆရာ့ ရဲ့ မျက်ဝန်းတွေကလဲ မမှတ်သေး
ငကျော်ကလဲဆရာရယ်……………
………………………………………………….ဆိုတဲ့ 
မျက်လုံးနဲ့ ပြန်ပြောနေမိပါတယ်။
ဒါပေမဲ့  ငကျော်နတ်သမီးလေးကို နဲနဲ
မသင်္ကာဖြစ်မိနေတာနဲ့ ဘေးနားက
နှစ်ကြီးသမားတယောက်(ထောင်ကျနေ
တဲ့ အကျဉ်းသားမဟုတ်ပါ (၁၀)တန်း
ကို(၅)နှစ်မြောက်ဖြေမဲ့သူပါ)ကို အကို
အဲဒီကောင်မလေးကို သိလားလို့ လေသံ
ခပ်အုပ်အုပ် နဲ့မေးလိုက်ပါတယ် ။
ကျွန်တော့် လက်ညိုးအဆုံးကို အဲဒီ အကို
လိုက်ကြည့် ပြီးတော့ မျက်နှာပျက်သွားပါတယ် ။
ပြီးတော့ သူ ဆရာ့ ကိုမျက်လုံး
တစ်ချက်လှန်ကြည့် လိုက်ပါတယ် ။
ဆရာကတော့  အာဘောင်အာရင်းသံသံနဲ့ 
စာရှင်းပြလို့ ကောင်းတုန်းပါ ။ အဲဒီတော့ မှ
“ဟကောင်ရ အဲဒါ ဆရာ့ သမီးလေ
သူလဲအပြင်ဖြေပဲ”လို့ ခပ်တိုးတိုးပြန်
ပြောလိုက်တော့ ငကျော်တစ်ယောက်
နားထင်နားရင်းတွေထူပူသွားပါတော့ တယ် ။
ဆရာ့ ကိုမထီလေးစားပြုမိတဲ့ စိတ်
အဖေ့ ရှေ့ မှာသမီးကိုအငမ်းမရ ပိုးမိတဲ့ စိတ်
တွေပြန်တွေးမိပြီး ဒီစာသင်ခန်း
ကနေ အငွေ့ ပျံထွက်သွားချင်လောက်
အောင် ရှက်ရွံနေပါတော့ တယ် ။ ဆရာ့ 
ကိုလဲမျက်လုံးခြင်းတောင်
မဆုံရဲတော့ ပဲခေါင်းငိုက်စိုက်ချထားပါတယ် ။
စိတ်ထဲကလဲ “ငကျော်ရေ လွဲလိုက်စမ်းကွာ” လို့ 
ရေရွတ်နေမိပါတော့ တယ် ……………………….။
မှတ်ချက် ။  ။ငကျော့် လိုမည်သူမှမလွဲစေရန်ရည်ရွယ်ပါသည် ။
မိုးမြင့် သီဟ
(ချစ်ခြင်းမေတ္တာတေးသွား)
Posted by မိုးမြင့်သီဟ 0 comments»
ဗိုလ်ချုပ်အောင်ဆန်း(သို့ )အဖေ
          ဗိုလ်ချုပ်အောင်ဆန်း (သို့ )အဖေ
ဒီနေ့ တနေ့ တည်းအတွက်ကျခဲ့ တဲ့  သတိရမျက်ရည်မဟုတ်ဘူး
နေ့ စဉ်ရက်ဆက် ကမ္ဘာတည်နေသ၍
ဂုဏ် သိဂ် ဒြပ်တစ်ခုရဲ့ တန်ဖိုးထားရာအထွဋ်အထိပ်
ခင်ဗျားစားနေတဲ့ အာလူးတွေ
ဖြတ်လျောက်ဖူးတဲ့  နေကြာပန်းခင်းတွေ
နစ်ရှေးရဲ့ အဆိုအမိန့် များစွာ
ယန်းပေါ့ ဆာဒ်ရဲ့ ဝါဒတွေ
ဒီမှာဗျ
ဒီနေ့ အတွက်ခဏတော့ မေ့ ပေးပါ
ဂေါ်ဂင် အကြောင်းလား ခုတော့ ခဏနော်
အဲလဘတ်ကမူးဘာတွေပြောခဲ့ တယ်ဆိုတဲ့ အကြောင်းထက်
သူဘာတွေပြေသွားခဲ့ တယ်ဆိုတာလဲပြောပြချင်တယ်
တော်စတွိုင်းရဲ့ ဝထ္ထုတွေထက် သူ့ အရိပ်ကပိုရှည်တယ်
ရိုးသားလွန်းတော့  ကောက်ကျစ်တယ်ဆိုတာ
ဘာမှန်းသိမသွားဘူး
အမှန်တရားကိုချစ်လွန်းလို့ ဆိုတဲ့ 
သူရဲကောင်းတို့ ရဲ့ ပြယုဂ်အဖြစ်
ထာဝရအလင်းဗိမ္မာန်မှာ သူခုထိရှိနေခဲ့ တယ်
နယ်လ်ဆင်မန်ဒဲလားနဲ့ တွေ့ ရင်လဲ
သူ    လက်ဆွဲနှုတ်ဆက်ဦးမှာ
မာသာထရီဆာ ကိုလဲ သူတွေ့ ချင်နေမှာကျနော်သိတယ်
ခင်ဗျားလက်ကနာရီက ၁၀ နာရီ ၃၅ မိနစ်လား
ဒီလိုလုပ်ဗျာ
ခဏတော့ မတ်တပ်ရပ်ပေးပါ
မြစ်ထဲကသင်္ဘောတစီးစီးရဲ့ ဟွန်းသံကြားရင်
ဦးညွတ်အလေးပြုကြစို့ 
ကျနော်နဲ့ ခင်ဗျားတို့ တွေ တနေ့ ဆုံဖြစ်ကြရင်
ကျနော့် အဖေအကြောင်း
တခမ်းတနားပြောခွင့် ပြုပါ   
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
ဒီလိုနေ့ လေးကိုရောက်ဖို့ သံသရာမှာ ဘယ်လောက်ထိ ပေးဆပ်ခဲ့ပါလိမ့်
ငါ့ ပုခုံးပေါ်   နင်မှီပြီးမော့ ကြည့် တော့ 
မျက်တောင်လေးတွေ  အရမ်းလှတယ်
ငါ့  လိပ်ပြာ   ထပျံဝဲတော့
နင့် လိပ်ပြာလေးနဲ့   ပူးကပ်သွားတယ်
 ဒီလိုနေ့ လေးကိုရောက်ဖို့             
သံသရာမှာ ဘယ်လောက်ထိ  ပေးဆပ်ခဲ့ ရပါလိမ့် 
လက်ဖျံမှာ တဒိတ်ဒိတ် နဲ့  တိုးတဲ့ သွေးတို့ 
ဖေါက်ထုပ်စစ်တော့   နင့် နာမည် က အထင်းသား
နင့် ရင်ထိုးလေး ဆွဲခွာကြည့် တော့ 
ငါ့   ရဲ့မြစ်တွေ  စီးဆင်းဆဲ လေ
ဒီလိုနေ့ လေးကိုရောက်ဖို့             
သံသရာမှာ ဘယ်လောက်ထိ  ပေးဆပ်ခဲ့ ရပါလိမ့် 
နင်လက်ညိုးညွန်တိုင်း  ငါသွားကြည့် တော့ 
နှစ်ယောက်စာ  အိမ်မက်တွေ  တွေ့ ရတယ်
ငါ  စိုက်ကြည့် တိုင်း  နင်ပြန်ကြည့် တော့ 
နင့်မျက်ဝန်းထဲမှာ  ငါ့   အနာဂါတ်ကို သိမ်းဆည်းထားလေရဲ့ 
ဒီလိုနေ့ လေးကိုရောက်ဖို့             
သံသရာမှာ ဘယ်လောက်ထိ  ပေးဆပ်ခဲ့ ရပါလိမ့် 
နင့် အိမ်မက်တွေ စက္ကူရုပ်ချိုးကြည့် တော့ 
လေတံခွန်လေး  ဖြစ်တာပေါ့ 
ငါ့  ရဲ့ လမ်းခရီးကိုဆွဲဆန့် တော့ ကြိုးရှည်ရှည်တွေဖြစ်သွားတယ်
ဒီလိုနဲ့  တို့  လေဟုန်စီးခဲ့ ကြ
ဒီလိုနေ့ လေးကိုရောက်ဖို့             
သံသရာမှာ ဘယ်လောက်ထိ  ပေးဆပ်ခဲ့ ရပါလိမ့် 
နင်ဖုန်းခေါ်တိုင်း ဖုန်းမကိုင်ရပဲ နင်လိုအပ်တာငါသိခဲ့ တယ်
ငါ အိမ်မက်မက်တိုင်း နံနက်တံခါးဝမှာ နင်ရှိနေခဲ့ တယ်
ငါ တို ရဲ့ ချွေးတွေပေါင်းစပ်တဲ့ အခါ  DNA စစ်ကြည့် တော့ 
ခိုင်မြဲတဲ့ အချစ်စစ် ကိုတွေ့   ရတယ်
ဒီလိုနေ့ လေးကိုရောက်ဖို့             
သံသရာမှာ ဘယ်လောက်ထိ  ပေးဆပ်ခဲ့ ရပါလိမ့် 
နင် စီးမျောတိုင်း  ငါ  ရွေ့ တာမမောခဲ့ ဘူး
ငါ  အလင်းမှာ ထွက်ရပ်တိုင်း
နင်  အရိပ်လိုနေရတာပျော်တယ်
ဒီလိုနေ့ လေးကိုရောက်ဖို့             
သံသရာမှာ ဘယ်လောက်ထိ  ပေးဆပ်ခဲ့ ရပါလိမ့် 
ဒီနေ့ မှ နင်ကလဲ ယုံကြည်မှု့ နဲ့ ရဲရင့့်ခြင်းကို
အိပ်ကပ်ထဲ အပြည့် ထည့် လာတယ်
ငါ  ကလဲ  သံသယမဲ့ အိမ်တစ်လုံးဆောက်ထားခဲ့ ပေါ့ 
ငါ  အပြာရောင်ခြယ်တိုင်း  နင် အဖြူရောင်ထပ်တယ်
အဲဒီလိုနဲ့ ပဲ ပန်းနုရောင်အဖြစ်ပြောင်းသွားတော့ 
ဒီလိုနေ့ လေးကိုရောက်ဖို့              
သံသရာမှာ ဘယ်လောက်ထိ  ပေးဆပ်ခဲ့ ရပါလိမ့် 
……………………………………
…………………………………………………………
……………………………………
…………………………………………………………
ဒီလိုနေ့ လေးကိုရောက်ဖို့             
သံသရာမှာ ဘယ်လောက်ထိ  ပေးဆပ်ခဲ့ ရပါလိမ့် 
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
ဆတိုးကိန်းများ
ဆတိုးကိန်းများ
ညီမလေးရေ
အထပ်ထပ်လဲကြခဲံ့ တိုင်း
မင်းအရိပ်နဲ့  မျက်နှာသစ်ခဲ့ 
ပန်းမပွင့် တဲ့ ဒေသမှာ
ကိုယ့် အလွမ်းတွေ  ပွင့် နိုင်ရက်အား
နှစ်ခါပြန်သေရဲ တဲ့ စိတ်နဲ့ 
မင်းကိုချစ်တယ်
ညီမလေးရေ
ဆောင်းမလှတဲ့ ရာသီမှာ
မင်းအနမ်းနဲ့ အေးချမ်းချင်ရဲ့ 
တယုတယထွေးပွေ့ တဲ့ အငွေ့ တို့ မှာ
အိမ်မက်တွေ ယစ်မောနွမ်းရှတ
ထုပ်ချင်းခတ်ပန်းသီကြီုးနဲ့ 
မင်းကိုချစ်တယ်
ညီမလေးရေ
မင်းအတွက်ထွင်းတဲ့ သီချင်းက
ခရမ်းရောင်မြစ်ပေါ့ 
ရင်ခုန်သံတွေသာလှိုင်းသင့် 
အဆုံးမရှိမေတ္တာတရားနဲ့ 
မင်းကိုလွမ်းတယ်    ။
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
အဆွေး
 အဆွေး
းးးးးးးးးးးးးးးးးးးးးးးး
    လူကသာ  ထိုင်နေပေမဲ့ 
       စိတ်တွေ က
      ဘယ်ဆီ သွား
       ငိုနေပါ   လိမ့်         ။     ။      ။
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
မင်းနဲ့ ငါကြား
မင်းနဲ့ ငါကြား
မင်းက  ရုပ်သံတွေအများအပြားလွှင့် တဲ့ ဂြိုလ်တုဖြစ်တဲ့ အချိန်
ငါ့   ဆီမှာက  T.V တောင်ရှိမနေခဲ့ 
ငါ  တစ်ဖက်ကမ်းမှာရှိနေတော့ လဲ
မင်း  ကူးခပ်လာစရာ  လှေ သမ္မာန်မရှိခဲ့ 
မင်း  ထားခဲ့ တဲ့  ခြေရာတွေလဲ
ငါ  လိုက်ကောက်ဖို့   သီအိုရီမေ့ ခဲ့ 
မင်း  ကမ်းကပ်ဖို့ ဆွဲတဲ့  ဥသြ သံမှာ
ငါ  ကလဲ  ဆိပ်ကမ်းအဖြစ်ရှိမနေခဲ့ 
ငါ  အရေးပေါ် ပစ်လွှတ်တဲ့  မီးရှုးမှာ
မင်း  ကလဲ ထူးခြားစွာ အိပ်နေခဲ့ 
မင်း  အိပ်ရာနိုးတိုင်း
ငါ  အရင်လို မနမ်းမိခဲ့ 
ငါ  အဝေးသွားတိုင်း  ပြန်လာချိန် ကို
မင်း  အရင်လို မျှော်မနေခဲ့ တော့ 
မင်းနဲ့ ငါကြား
ဒီလိုနဲ့ပဲ ခြောက်သွေ့ ခဲ့ 
အိမ်မက်မြစ်တွေဆေးရောင်လွင့် ခဲ့ 
တိုက်ဆိုင်လွန်းအားကြီးခဲ့ ပြီး  မတိုက်ဆိုင်လွန်းခဲ့ 
မင်း  ထားခဲ့ တဲ့ အနမ်းတွေ
ခုထိ  ငါ  တယုတယ ထွေးပွေ့ တုန်း
ငါ  သိပ်ချစ်ခဲ့ တာ တစ်ကမ္ဘာလုံးမသိပေမဲ့ 
မင်းနှလုံးသားမှာ  မင်ကြောင် ရုပ်လေးရှိရဲ့ 
မင်း  လွမ်းတဲ့ အခါများ
ညဉ့် ကောင်းကင်မှာ ကြယ် အသစ်တွေတောင်ထွက်ခဲ့ ပေါ့ 
မခေါ်မပြောပဲထားတဲ့  ဝေဒနာတွေဟာ
မင်းနဲ့ ငါ ကြား
ခုထိ တရှိုက်မက်မက်ရှိနေဆဲ
ဒါပေမဲ့ 
ဘယ်လိုပဲဖြစ်ဖြစ် ဒီခရီးကိုအဆုံးထိလျှောက်မယ်ဆိုတဲ့ 
ကတိပြုစာချုပ်မှာ
နှစ်ဦးစလုံး လက်မှတ်ထိုးဖို့   .....   မေ့ခဲ့   ....။
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
အပြုံး
         အပြုံး   
         တဒိတ်ဒိတ်  နဲ့ 
         တံခါး  ကို  လာလာခေါက်တော့ 
         ခဏခဏ   ထဖွင့်  ရတာလဲ
         အကြိမ်ကြိမ်  …………..  ။
                စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
ခေတ်သစ်ကျေးပုံပြင်
ခေတ်သစ်ကျေးပုံပြင်
ဒီအရိပ်မှာ            နားခိုပါ
ဒီရင်ခွင်မှာ           မှေးစက်ပါ
ဒီအသက်အရွယ်အထိ ငါ့ရဲ့ကြင်နာတက်သမျှတွေကို စားသုံး၍
ခွန်အားပြည့်လမ်းပါ(စေ)
ဒီအချိန်တိုင် ဖြူစင်မိခဲ့သမျှ ချစ်ခြင်းမေတ္တာကို သောက်သုံး၍
အေးမြငြိမ်းချမ်းပါ(စေ)
ချိုသာသောတေးသံများနဲ့ ချော့သိပ်စဉ်
သင့်ဘ၀အမောတို့ ပြေလျော့ပါစေ
မျှော်လင့်ဘ၀ စိတ်ကူးယဉ်လေနုအေးနဲ့
ညဥ့်ယံ၌ နှစ်ခြိုက်ပါလေ
နှင်းဆီဝတ်လွှာအပေါ် အနမ်းလိပ်ပြာဝဲပျံစဉ်
ငါ့အနာဂတ်တို့ သင်သိမ်းပိုက်သွားပြီဖြစ်တဲ့အကြောင်း
နက်ဖြန်တိုင်းဟာ သင့်ရဲ့အရိပ်ဖြစ်တဲ့အကြောင်း
သေရေးရှင်ရေးက သင့်ရဲ့အပြုံးတစ်ပွင့်သာဖြစ်တဲ့
အကြေင်း
ဘာကိုမှပြောမထွက်မီ
ခရီးတစ်ထောက်နားသူရဲ့ နွမ်းနွယ်မှုတို့ လွင့်ပျောက်ရွှင်လန်းရင်
တစ်သက်စာဖျက်မရတဲ့ ခြေရာအစုံတို့ ရင်ခွင်မှာ ထင်ကျန်စေ၍
လိုရာခရီးသို့ ထွက်ခွာတော့
တိမ်းညွှတ်မိတဲ့ ကျေးမိုက်
အနှုတ်ဆက် ခက်ပြီကော.......။
     စိုးပိုင်ဦး
-------------------              --------------------
Posted by မိုးမြင့်သီဟ 0 comments»
ဆတိုးကိန်းများ
ဆတိုးကိန်းများ
ညီမလေးရေ
အထပ်ထပ်လဲကြခဲံ့ တိုင်း
မင်းအရိပ်နဲ့  မျက်နှာသစ်ခဲ့ 
ပန်းမပွင့် တဲ့ ဒေသမှာ
ကိုယ့် အလွမ်းတွေ  ပွင့် နိုင်ရက်အား
နှစ်ခါပြန်သေရဲ တဲ့ စိတ်နဲ့ 
မင်းကိုချစ်တယ်
ညီမလေးရေ
ဆောင်းမလှတဲ့ ရာသီမှာ
မင်းအနမ်းနဲ့ အေးချမ်းချင်ရဲ့ 
တယုတယထွေးပွေ့ တဲ့ အငွေ့ တို့ မှာ
အိမ်မက်တွေ ယစ်မောနွမ်းရှတ
ထုပ်ချင်းခတ်ပန်းသီကြီုးနဲ့ 
မင်းကိုချစ်တယ်
ညီမလေးရေ
မင်းအတွက်ထွင်းတဲ့ သီချင်းက
ခရမ်းရောင်မြစ်ပေါ့ 
ရင်ခုန်သံတွေသာလှိုင်းသင့် 
အဆုံးမရှိမေတ္တာတရားနဲ့ 
မင်းကိုလွမ်းတယ်    ။
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
အလွမ်း
      အလွမ်း
      ..............................
    တအိအိ  ပြိုဆင်းလာနေတဲ့ 
    မိုးတိမ်တွေ     အောက်မှာပဲ
       ကျွန်တော်
   ခဏ  ခဏ
   ရပ်စောင့် နေမိခဲ့    ။
                                                     စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
အခြားတစ်ဖက်
အခြားတစ်ဖက်
မင်းထားခဲ့ တဲ့ 
         အမုန်းခြောက်ကမ်းပါးမှာ
         ငါ        ရပ်တန့် နေရ
         ပါးကွက်သားနဲ့ ငါ
         နှစ်ယောက်တည်း   စစ်တုရင်ကစားနေတယ်
         အတိတ်လွင်ပြင်စိမ်းတွေ
         ဒီနေ့အထိ  ရှာမတွေ့ တော့ 
         အလွမ်း မီးဖို ကို
         ထင်းတွေ    ထပ်ထည့်     ..................ထပ်ထည့် .............။
 စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
လပွတ္တာ စာပေဟောပြောပွဲအမှတ်တရ
Posted by မိုးမြင့်သီဟ 0 comments»
ဟာသတိုလေးများ
အဖေမှာလို့
သားဖြစ်သူဧ။်မင်္ဂလာဦးညတွင် အဖေဖြစ်သူက သူ့သားအားဤသို့မှာသည်။
”ငါ့သားမင်းမိန်းမအပျိုစစ်ရင် သေနတ်ကိုမိုးပေါ်ထောင်ပြီးတော့ပစ်လိုက်၊ မစစ်ရင်တော့
မင်းမိန်းမကို ပစ်သတ်လိုက်”
ပထမည
”သားဖြစ်သူဧ။်အိမ်မှ မိုးပေါ်သို့သေနတ်ထောင်ပစ်သံကို ကြားလိုက်ရသည်။”
ဒုတိယည
”သားဖြစ်သူဧ။်အိမ်မှ သူ့မိန်းမအားသေနတ်နှင့် ပစ်သတ်သည့်အသံကိုကြားလိုက်ရသည်။”
အဖြစ်ဆိုးတဲ့သူခိုး
စခန်းမှူးး မင်းကိုဘယ်အိမ်ကနေမိတာလဲ။
သူခိုးး ကျွန်တော့်အိမ်ကနေကျွန်တော့်ကိုပြန်ဖမ်းမိတာပါ။
စခန်းမှူးး ဟ၊ ဘယ်လိုဖြစ်လို့တုန်း။
သူခိုးး ဒီလိုပါဆရာ၊ ကျွန်တော့်အိမ်မှာကျွန်တော်ပစ္စည်းခိုးထွက်ဖို့အတွက် ပြင်ဆင်နေတုန်း
ဘယ်ကမှန်းမသိတဲ့အမူးသမားတစ်ယောက်က အိမ်ထဲကိုဝင်လာပြီး ကျွန်တော့်ကိုလည်းမြင်ရော
”သူခိုးဗျို့၊သူခိုး”လို့အော်လို့ ကျွန်တော်ဒီကိုရောက်လာတာပါ ဆရာရယ်။
သည်းခံတတ်သောမိန်းမ
ဖိုးသိန်း : “မိန်းမ၊ မင်းနဲ့ငါပေါင်းလာတာ အနှစ်၂၀ ကျော်နေပြီ၊ စညားကတည်းက ငါမင်းကို မူးလာတိုင်း
ရိုက်နှက်နေတာကို မင်းဘာလို့ အခု အချိန်ထိ သည်းခံပြီးပေါင်းနေနိုင်တာလဲ”
ကျင်စိန် : “အော်၊ ရှင်လည်းစိတ်တွေကို လျှော့နေပြီဆိုတော့ ပြောပြရတာပေါ့၊ ဒီလိုရှင့်၊ ရှင်ကျမကို
ရိုက်နှက်ပြီး ရှင်အိပ်သွားပြီဆိုရင် ကျွန်မအိမ်သာတစ်ခုလုံ: ကြွေခွက်ပါမကျန် တိုက်ချွတ်ဆေးကြောပြစ်လိုက်တာပဲ”
ဖိုးသိန်း : “အဲဒီလိုလုပ်တာနဲ့ မင်းကစိတ်ပြေသွားရေလား”
ကျင်စိန် : “ပြေတာပေါ့ရှင့်၊ ကျွန်မအိမ်သာတိုက်တာ ရှင့်သွားပွတ်တံနဲ့လေ”
နံပါတ် ၄၁
အရူးထောင်တစ်ခုတွင်ဖြစ်သည်။ ညအချိန်၌ မည်သည့် အခန်းကမှန်းမသိ “၄၀၊ ၄၀၊ ၄၀”ဟု
အကြိမ်ကြိမ်ရေရွတ်နေသံကို ကြားနေရသည်။ ညစောင့်လည်း အိပ်မရ၍ ဘယ်သူအော်နေလဲ
သိချင်သဖြင့် အခန်းတိုင်းကိုလိုက်ချောင်း၏။
အခန်းအားလုံးကို လိုက်ကြည့်သော်လည်း တရားခံကိုမတွေ့။
ရေချိုးခန်း၊အိမ်သာကို သွားကြည့်တော့လည်းမတွေ့၊နောက်ဆုံး စတိုခန်းထဲမှထိုအသံထွက်နေကြောင်း
သိရသဖြင့် စတိုခန်းတံခါးကိုဆွဲဖွင့်သည်။အထဲမှဂျက်ချထားသဖြင့်ဖွင့်မရ။
အခန်းကို ပတ်ချာလည်လိုက်ကြည့်တော့ ချောင်းကြည့်လို့ရသော အပေါက်တစ်ပေါက်ကို တွေ့သဖြင့်
ထိုအပေါက်မှချောင်းကြည့်လိုက်သည်။ ချောင်းကြည့်ပြီး မကြာမှီ အထဲမှထုတ်တစ်ချောင်းနှင့်
ထိုးလိုက်သဖြင့် ညစောင့် မျက်လုံးတစ်ဖက်ပေါက်သွားသည်။ အခန်းထဲရှိလူထံမှ “၄၁၊ ၄၁၊ ၄၁” ဆိုသည့်
အသံကိုဆက်ကြားရသည်။
ကျွန်မ လာခဲ့မှာပေါ့
ခြောက်လွှာရှိသော ကန်ထရိုက်တိုက် တစ်တိုက်၏ မြေညီထပ်၌ အလွန်လှပသော အမျိုးသမီး
တစ်ယောက်နေ၏။
ထိုတိုက်၏အပေါ်ဆုံးထပ်၌ ယောင်္ကျားပီသ၍ လူမိုက်ပုံ အနည်းငယ်ပေါက်နေသော
အမျိုးသားတစ်ယောက်နေ၏။
တစ်နေ့ ထိုအမျိုးသားက အပြင်မှ ပြန်အလာ မြေညီထပ်တွင်နေသော အမျိုးသမီး နှင့်ဆုံသည်။
အမျိုးသမီး : “ကျွန်မရှင့်ကို အရမ်းကြောက်တာပဲ”
အမျိုးသား : “ဘာကြောင့်လဲ၊ ငါကမင်းကိုဘာလုပ်နေလို့လဲ”
အမျိုးသမီး : “ကျွန်မကို အဓ္ဓမ ကျင့်မှာကြောက်တာရှင့်”
အမျိုးသား : “မင်းက အောက်ဆုံးထပ်မှာနေတာ၊ ငါကအပေါ်ဆုံးထပ်မှာနေတာ မင်းကိုဘယ်လိုလုပ်
အဓ္ဓမကျင့်လို့ရလဲ”
အမျိုးသမီး : “ဒါဆို ကျွန်မရှင့်ဆီလာခဲ့မယ်လေ”
အကြံကောင်း
ကျောင်းသားများအားဆရာမက အသားတွေကိုမပုပ်မသိုးအောင်ဘယ်လိုထားမလဲ ဟုမေးလိုက်သည်။
ကျောင်းသားများက အမျိုးမျိုးဖြေကြသည်။ ထိုထဲတွင် အတန်း၏နောက်ဆုံးခုံ၌ အိပ်ငိုက်နေသော ပီတာက
လိုက်မဖြေ။
ထို့ကြောင့် ဆရာမက ပီတာ့အား ထခိုင်း၍ ထိုမေးခွန်းကိုပင် ထပ်၍မေးလိုက်သည်။ ပီတာဖြေပုံက
“မသတ်ပဲ ထားလိုက်ပါမယ် ဆရာမ”
ဘာကြောင့်သေ
ရင်ခွဲရုံတစ်ခု၌ လူတစ်ယောက်အားမည်သည့်ရောဂါဖြင့် သေသည်ကို ခွဲစိတ်စစ်ဆေးကြသည်။
စစ်ဆေးပြီးနောက်
အထက်သို့ အစီရင်ခံစာ ကိုဤသို့တင်လိုက်သည်။ လူနာသည်ရင်ကွဲ၍သေဆုံးသည်။
Posted by မိုးမြင့်သီဟ 0 comments»
အချစ်
ညီမလေးရေ
ချစ်ခြင်းမေတ္တာကလွဲရင်
ဘာမှ မကြွှယ်ဝတဲ့ ငါ့ကမ္ဘာမှာ
မင်း
မိဖုရားလုပ်ရဲလို့ လား …….
ငါ ကတော့ 
မင်းမျက်ဝန်းတွေမှာ ကျိန်စာသင့်ပေါ့
တဖွဖွ ရွတ်ဆိုတဲ့ အတိတ်တဘောင်မှာ
မင်းကိုမှလွဲခဲ့ ရင်
ငါ့ကမ္ဘာ ပျက်ကိန်းတဲ့ 
မယူမနေရစနစ်နဲ့ မင်းကိုချစ်ခဲ့ တာမဟုတ်ဘူး ……
ငါကိုယ်တိုင် ဒီအမှု့  ကို
ရူးသွပ်စွာ ကျူးလွန်ခဲ့ တာပါ
သောင်ပြင်မှာလဲ ဘာအရုပ်တွေမှ မရေးခဲ့ ပါနဲ့ 
မင်း ရဲ့ အပြုံးတွေနဲ့ ငါ့ နှလုံး မှာ
စိတ်ကြိုက် အက္ခရာ ထွင်းခဲ့ ပါ
မင်းအတွက် တက်ခဲ့ တဲ့  တောင်ထွဋ်တွေ တိုင်းအတွက်
ငါ့ စကားဝိုင်းတွေမှာ ဆိုလွယ်တေး မဖြစ်ပါရစေနဲ့ 
ငါ စိုက်ပျိုးခဲ့တဲ့ သစ်ပင်မှာ အဆိပ်ခွက်တွေ သီးခဲ့ လဲ
ရဲရဲဝံ၀ံ ငါ သောက်ရမှာ
ဘာမှမတည်မြဲတဲ့ သဘောတရားကိုဆုပ်ကိုင်ထားပေမဲ့
မင်း လက်ကလေးကိုတော့ 
ဘယ်တော့မှ မလွှတ်ပါရစေနဲ့ 
အချစ်ရယ် …………………. ။
Posted by မိုးမြင့်သီဟ 0 comments»