:: Visited My Home ::
free counters
:: My Facebook ::
:: My Multiply ::
Photobucket
နယ်မြေသစ်
                                                        နယ်မြေသစ်
ဘယ်လိုကြိုးနဲ့ ချည်ထားခဲ့ မှန်း မသိရတော့ 
ဒီနားပဲ     တ၀ဲလည်လည်
ဘာဆေးမှ မကျွေးခဲ့ ရပဲနဲ့ 
မင်း မျက်နှာလေး  မြင်နေရရင် သက်သာနေတယ်
ချစ်နေခဲ့ ရတာ ဘယ်လောက်ကြာပြီဆိုတာ
ပြောမပြချင်ပေမဲ့ 
ဒီရင်ထဲမှာတော့ 
ဘုရားအဆူဆူ ပွင့် နေခဲ့ ပြီးလောက်ပြီ
ရှေးဘ၀ရေစက်တဲ့  ပြောနေကြတာရိုးလွန်းပါတယ်
စိတ်အာရုံထဲ မင်းပုံရိပ်လေး ဖြတ်ကနဲပေါ်လာရင်တောင်
ငါက ပြီးပြည့် စုံနေတတ်တဲ့  ကောင်
စိတ်အမောနဲ့  ခိုးခိုးရှိုက်တဲ့  မြတ်နိုးမိတဲ့ စိတ်မှာ
ငါက
ငါ့ ထောင်ချောက်နဲ့  ငါပြန်မိလို့ 
သီတာရေတစ်စက်
အပူရောင်ဘ၀မှာ တရှိုက်မက်မက် ငတ်မွတ်မှု့ 
မင်း ညှိငင်ရာလမ်းအတိုင်း
ဘယ်သူနဲ့ မှမတူတဲ့ ချစ်ခြင်းမေတ္တာလိုမ၀ံကြွားလိုက်နဲ့ 
ဒီလိုပုံပြင်မျိုးက ခေတ်အဆက်အဆက်ကြုံတွေ့ ဖူးပြီးသား
ထွက်ခွာရာမတူညီခဲ့ ကြပေမဲ့ 
ဒီလမ်းဆုံမှာ တို့ တွေ ရင်ခြင်းအပ်မိတယ်ဆိုပါစို့ 
တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု့ မှာ
မင်းရဲ့ နှဖူးပေါ် ငါ့ အနမ်းတစ်ပွင့် 
ခြေခြခွင့် ပြုလိုက်တော့ 
ငါ့ ရင်ခွင်အစုံဟာ
မင်းရဲ့  ကမ္ဘာ   ဖြစ်ခဲ့ ပြီပေါ့   ………။
           စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 1 comments»
ဒီနှစ်ဆောင်းဝင်တာစောတယ်
ဒီနှစ်ဆောင်းဝင်တာစောတယ်
တစ်သက်စာမေ့ မရနိုင်တဲ့ 
အပြုံးတစ်ပွင့် ကို အလှဆုံးပြုံးခဲ့ ပြီးနောက်
ငါ့ ကမ္ဘာရဲ့ အခြားမှာ
အားငယ်နေရော့ မလား
ငါ့  တေးသံသဲ့သဲ့နဲ့  အိပ်စက်ခွင့် မရတဲ့ ညတွေကို
မင်း ဘယ်လိုခက်ခဲစွာ ဖြတ်ကျော်ပါ့ မလဲ
ဒီနှစ်ဆောင်းဝင်တာစောတယ်
မင်း  ချမ်းနေရှာရော့ မယ်
ငါ့ ရင်ခွင်ပဲ အနွေးထွေးဆုံးမှန်း မင်း သိခဲ့ တော့ 
ဒီသစ္စာတရားကိုဖက်တွယ်ပြီး
မင်း အဖေါ်မဲ့ နေမှာသိတယ်
ဘယ်လောက်ထူတဲ့ အနွေးထည်ကိုဝတ်ခဲ့ လဲ
မင်း အသွေးထဲက ချမ်းတတ်မှန်းကို
ငါ့  အသားထဲကသိတယ်
မင်းရဲ့  အလွမ်းရင့် စိတ်နဲ့  ကြိုးညှိထားတဲ့  ဂစ်တာကို
ငါက သတိရခြင်းတွေနဲ့  တီးခတ်ကြည့် တော့ 
ဒီနှစ်ဆောင်းဝင်တာစောတယ်
ခိုင်မြဲခြင်းဟာ မှတ်ပုံတင်စရာ မလိုမှန်းသိခဲ့ တော့ 
မင်းရစ်ပတ်ထားတဲ့  သံယောဇဉ်မှာ
ငါကရော လွန့် လူးဖူးလို့ လား
ဖုန်း ၊ ကြေးနန်း ၊ မက်ဆေ့ 
ဘယ်လိုလူကြုံတွေနဲ့ ပဲ အလွမ်းတွေစေပါးခဲ့ ပါစေ
ဒီနှစ်ဆောင်းဝင်တာစောမှန်းသိလို့ 
နှစ်ဦးသားညတွေ
စိတ်နဲ့ ပဲဖက်တွယ်ရင်းနွေးထွေးခဲ့ ကြ
မေ............
ဒီနှစ်ဆောင်းဝင်တာစောမယ် ၊      ။
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 1 comments»
လှည့် မကြည့် ပေမဲ့ မြင်နေရတဲ့ နေ့ 
လှည့် မကြည့် ပေမဲ့ မြင်နေရတဲ့ နေ့ 
ဘယ်သူမှမတောင်းဆိုပဲရောက်လာခဲ့ တဲ့ 
ကမ္ဘာကျော်ရက်စက်ယုတ်မာမှု့ ရဲ့ အပက်စက်ဆုံးသောနေ့ 
မပြီးပြည့် စုံကြပေမဲ့ 
အစီအစဉ်တစ်ကျသာယာနေတဲ့ မိသားစုဘ၀လေးတွေကို
အစာနာမဲ့ စွာမင်းမူသွားခဲ့ ပေါ့ 
အမှောင်မှာရန်သူကိုအလစ်ဝင်ရောက်
စီးနင်းသလိုမျိုးနဲ့ 
မင်းက သေသပ်တိကျလွန်းလေစွ
သားတို့  သမီးတို့  ကျွန်တော်ကျွန်မတို့ 
ဘာမှားလို့ လဲဆိုတာလေးတောင်မေးခွင့် မရှိလိုက်
မင်းကကြမ်းကြုတ်လွန်းတဲ့ စစ်ဘုရင်
သူတို့ ချစ်တဲ့ ပင်လယ်နဲ့ 
သူတို့ ရဲ့ အတောင်တွေကို
မင်း  ရေစွတ်ပေးလိုက်တာပဲ
ရေပြင်မှာငရဲနဲ့ နပန်းလုံးနေကြတဲ့ 
ကယ်ပါယူပါ အသံတစာစာတွေလဲ
မင်းနှလုံးသားမဲ့ စွာလစ်လျှူရှုလိုက်တာပဲ
သားသည်အမေ လူမမယ်ကလေးနဲ့ အဖိုးအဖွားတွေလဲ
မင်း မျက်နှာလွဲလိုက်တာပဲ
ရဟန်း သံဃာ ကျောင်း သိမ် ဇရပ်တွေလဲ
မင်း နင်းခြေလိုက်တာပဲ
ဒါတောင်အားမရဘူးလား
ရေစိုနေတဲ့ ဝတ်လစ်စလစ်ခန္ဓာတွေက
မင်း ပေးတဲ့ အအေးဒါဏ်ကို တစ်ညလုံးအံတုလိုက်တော့ 
မနက်အလင်းမှာ အသက်မဲ့ ခန္ဓာ
ကမ်းခြေမှာကစဉ်ကလျားရှိနေတဲ့ 
ဖိနပ်အရံပေါင်းများစွာကလဲ
သူတို့ ပိုင်ရှင်ကိုမျော်နေဆဲပေါ့ 
သားပျောက်အမေနဲ့  အမေပျောက်သား
မယားပျောက်လင်နဲ့  လင်ပျောက်မယား
ငိုရလွန်းလို့ မျက်ရည်ကမထွက်တော့ ဘူး
တနေရာရာက ပြန်ထူးလိမ့် နိုးနိုးနဲ့ 
ဟစ်အော်ရလွန်းလို့  လေသံကတစ်ရှပ်ရှပ်
မကြောက်မရွံ အလောင်းကောင်တွေဖယ်မရင်း
ကမ္ဘာပျောက်ရှာသူရဲ့ သောကတွေ
အက်ဆစ်မိုးတွေထိလို့  မီးလောင်ပြင်ခန္ဓာကိုယ်တွေရဲ့ အရွေ့ က
အရှင်လတ်လတ် ဖုတ်တစ္ဆေ
ခိုကိုးရာမဲ့ ဘ၀ကို ဘာနဲ့ မှမလဲလှယ်ရပဲ
တစ်ခဏတွင်း ပိုင်ဆိုင်သွားခဲ့ တဲ့ ဘ၀တွေ
အဲဒါတွေက
မင်း စစ်တလင်းမှာကျန်နေခဲ့ တဲ့ 
တစပြင် ပေါ့   နာဂစ်  ရေ
နှစ်တွေဘယ်လောက်ပြောင်းပြောင်း
ဒီလိုနေ့  ရောက်တိုင်း အမျှဝေသံတွေကြားနေရဦးမှာ ...........။
စိုးပိုင်ဦး
(၃)နှစ်ပြည့် နာဂစ်အမှတ်တရ
Posted by မိုးမြင့်သီဟ 0 comments»
အလွမ်းညရှည်ပိတောက်နွေ
အလွမ်းညရှည်ပိတောက်နွေ
သင်္ကြန်တဲ့ 
မင်းထားခဲ့ တာ  ရက် လ နှစ်
အားလုံးဟာ
ဒီ ဧပရယ်ရဲ့ စီရင်ထုံးတဲ့ လား
အပူဆုံးနွေရဲ့  ပိတောက်ရာသီမှာ
အမက်မောဆုံးပန်းတစ်ပွင့်  ဖူးသစ်ဖူးရဲ့  ။
ခိုးခိုးရှိုက်မိတဲ့  အပင့် အသက်မှာ
အိမ်မက်တွေထဲတောင်
မြေကမ္ဘာတုန်ဟီးနေတုန်း ။
ချစ်ခြင်းမေတ္တာ စကားတစ်ခွန်းရဲ့  ဂယက်မှာ
အကြားအလပ်မရှိ သာယာလွန်းလေစွ ။
သူသူငါငါခလုပ်တိုက်မိခြင်းမှာ
ပိတောက်တစ်ခက် ညိုးရောသွားတယ်
မှားသလိုနဲ့ မှန်နေခဲ့ တဲ့ 
သံသယလွန်အဖြေကိုရှင်းပြမဲ့  ပိတောက်ညနေခင်းပေါ့ 
မထင်မှတ်ပဲ
နေရာကွက်ကြားမိုးသည်းထန်လို့ အချိန်အကန့် အသတ်မရှိ
အဆက်အသွယ်ပြတ်ခဲ့ ရဖူးတယ်  ။
ရင့် ရော်နေတဲ့ ပြက္ခဒိန်အဆွေးအမြေ့ ကို
ခပ်ဖွဖွလှန်ကြည့် တော့ 
ခြောက်ကမ်းပါထက်မှာရပ်နေခဲ့ ရဖူးတဲ့ 
သင်္ကြန်ကိုတွေ့ ရတယ် ။
ချစ်လွန်းလို့ မေ့ထားခဲ့ တဲ့ သင်္ကြန်ဟာ
ဒီအချိန်ရောက်တိုင်း
ဘယ်လို ပိတောက် နဲ့ မှ
အစားမထိုးတော့ ဘူး  ။
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
ခြေခင်းလက်ခင်းသာတဲ့ နေ့ 
ခြေခင်းလက်ခင်းသာတဲ့ နေ့ 
ဒီဇာတ်လမ်းကိုဒီလိုစရမယ်ထင်တယ်
ခြေခင်းလက်ခင်းသာတဲ့ နေ့ မှာပေါ့ 
လက်ထောက်ဗေဒင်မှာ
သိချင်ဇောနဲ့ ထောက်ကြည့် လိုက်တော့ 
နှင်းဆီတစ်ပွင့်  လက်ဆောင်ရတယ်
စိမ်ပြေးတမ်းကစားတိုင်းလဲ
နင့် သင်တိုင်းလေးပဲ ဖမ်းမိဖူးတယ်
နှင်းဆီရဲ့ 
စကားထာဝှက်တိုင်းလဲ
ငါတစ်ခါမှ မှန်အောင်မဖြေနိုင်ဖူးဘူး
အရွယ်ရောက်တော့ လဲ
နင့် ဆံနွယ်တွေခိုပြီး အိပ်စက်တိုင်း
ဆံနွယ်တွေအလှုပ်မှာ
ငါ
ခဏခဏပြုတ်ကျခဲ့ တာပေါ့ 
“မဆိုင်သူတွေအနားမကပ်နဲ့ ”လို့ 
ကြွေးကြော်ပြီး နင့် ကိုပိုင်ဆိုင်ချင်ခဲ့ ဖူးတယ်
ချစ်တာတစ်ခုတည်းသိတယ်ဆိုတဲ့ စိတ်နဲ့ 
တူးခဲ့ တဲ့ တွင်းတွေလဲမနဲတော့ ပါဘူး
နင်အလိုရှိတိုင်းလဲ
နတ်ရေကန်အဖြစ်သရုပ်ဆောင်ခဲ့ တာပဲလေ
ထောင်ထားခြားနားနေတဲ့ 
သူငယ်ချင်းဆိုတဲ့ စည်းရိုးကိုလဲ
ပင်ပန်းကြီးစွာကျော်ဖြတ်နေတုန်း
ချစ်တယ်ဆိုတဲ့ စကားတွေပြောဖို့ ဆွံအနေတဲ့ 
ငါ့ နှုတ်ခမ်းတွေနဲ့ 
နင့် မျက်စောင်းလှလှလေးတွေမှာအရည်ပျော်သွားတဲ
ငါ့ သိမ်ငယ်စိတ်ကလေး
နင့် အပြုံးတွေရဲ့ အောက်မှာ ပုန်းကွယ်နေရှာပေါ့ 
နင်ဘယ်သွားသွား အရိပ်တခုအဖြစ်နဲ့ ဆိုတဲ့ 
ဆုတောင်းလဲပြည့် ခဲ့ တယ်ထင်ပါရဲ့ 
နင့် အငွေ့ အသက်နဲ့ ဝေးရာမှာ
ငါ မပျော်ဝင်တတ်တော့ ဘူးလေ
ခြေခင်းလက်ခင်းသာတဲ့ နေ့ မှာပေါ့ 
ငါဒီလို သီချင်းတစ်ပုတ်ညဉ်းဆိုလိုက်တယ်
“သူပန်ထားတဲ့ ပန်းနီနီ..........
တစ်နေ့ နေ့ တော့ ချစ်၍လာလိမ့် မည်”
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
တိတ်တခိုး ..... စိုးထိပ်သူ့ ........ရင်
တိတ်တခိုး ..... စိုးထိပ်သူ့  ........ရင်
ထောင့် တစ်ညနဲ့   လဲလှယ်ထားရတဲ့ 
အလွမ်းပုံပြင်ရှည်
ဆယ်စုနှစ်တစ်ခုစာ
သံသယနဲ့ အိမ်မက်တွေ ရောထွေးပြီး စားသုံးခဲ့ ရတဲ့ ညများစွာ
တံခါးလာခေါက်တိုင်းလဲ ဖွင့် ထားပါတယ်လို့   ပြောဖို့ 
ဆွံအ နေတတ်တဲ့  လူတစ်ယောက်ရဲ့  မနက်ဖြန်တွေကို
မင်း  ဘယ်လိုအဆုံးသတ်ပေးနိုင်မှာလဲ
လက်ချောင်းနဲ့ ခြေချောင်းတွေ ကို ရေတွက်ကြည့် ရင်
၁၀ ချောင်းစီအပြည့် ပါပဲ
ဒါပေမဲ့ 
သိမ်ငယ်ရလွန်းတဲ့  ငါ့ မနက်ဖြန်တွေမှာ
မင်း  နာမည်မထည့် ရက် ဘူး
ဘယ်လောက်ထိ ချစ်ခဲ့ ပါ တယ်ဆိုတဲ့  စကားတွေ
ငါ    ပြောမထွက်ခင်
တွယ်ရာမဲ့  လမ်းခရီးမှာ
သံယောဇဉ်တစ်ခု နဲ့  မင်း စောင့် နေနိုင်ပါ့ မလား
ငါတို့ က လမ်းသွားရင်း ခလုပ်တိုက်မိကြပေမဲ့ 
အမှတ်တမဲ့  ဆိုတဲ့  စကားလုံးကိုတော့ 
ငါမေ့ ထားတယ်
မင်း  လိုအပ်တာတွေ သိရဲ့ နဲ့ 
မဖြည်းပေးနိုင်တဲ့  ငါ့ ကြမ္မာ ကိုက
မင်း နဲ့  မထိုက်တန်လွန်းတာလား
ဆေးလိပ်မီးခိုးငွေ့ တွေမှုတ်ထုပ်မိတိုင်း
မီးခိုးတွေနဲ့ အတူ  မင်း မျောလွင့် ပါသွားမှာလဲ
စိုးထိပ်မိသူ
ငါမင်းကိုအရမ်းချစ်ပါတယ်လို့  တဖွဖွမပြောမိပေမဲ့ 
နှလုံးခုန်တိုင်း  သွေးကြောထဲမှာ အဲဒီအသံတွေ တုန်ခါနေဆဲပေါ့ 
ညစဉ် ငါရင်ဖွင့် တဲ့ သီချင်းတွေ  မင်း ကြားနိုင်စေဖို့ 
မင်း သွားနေတဲ့  လမ်းခရီးတွေတိုင်း
ထီးတစ်လက်လို အရိပ်ပေးနိုင်မဲ့ 
ဂါထာမန္တာန် တွေလဲ တတ်မြောက်ချင်ရဲ့ 
မင်း  အားငယ်ချိန်တိုင်းလဲ အနားမှာဖေးကူသူအဖြစ်
ရောက်ခဲ့ ဖူးသမျ ဘုရား အဆူဆူမှာလဲ  ဆုတောင်းပါရဲ့ 
မင်း  မသိနိုင်ခဲ့ တဲ့   ငါ့  ကမ္ဘာတစ်ခြမ်းမှာ
ချစ်ခြင်း ရဲ့  မျိုးစေ့ တွေ
ရင့် ရော်နေရော့ မယ် ................... ။
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
ဒီလိုနဲ့ ပဲ
ဒီလိုနဲ့ ပဲ
ညရဲ့ အမှောင် မှာ
လရဲ့ အလင်းနဲ့   ဆွေးမြေ့ ခြင်းတွေ
ကျူးသီဖို့ 
ဂစ်တာကိုင်ဆွဲတော့ 
ကြိုးပြတ်သွားတဲ့  ငါ့  ဂစ်တာ
ငါ တို့ နက်ဖြန်တွေ
ကဗျာသီဖို့   စာရေးစားပွဲထိုင်တော့ 
ဖြတ်   ခနဲ မီးပြတ်သွားခဲ့ 
မင်း နဲ့   အိမ်မက်တွေဆက်မက်ဖို့ 
အိပ်ရာထဲကြိတ်မှတ်ဝင်တော့ လဲ
ခြင်ကိုက်လွန်းတဲ့   ည  ရယ်
.................
ငါတို့ ဟာ
ဒီလိုနဲ့  ..................
ဒီလိုနဲ့ 
ငါတို့ ဟာ .............
ကျောမခိုင်းခဲ့ ပေမဲ့ 
ပြန်လှည့် ခွင့် မရှိတဲ့ လမ်းမပေါ်
စီးဆင်း နေရဦးမှာလား .....
ဒီလိုနဲ့  ..........ပဲ
................
..................
ဒီလိုနဲ့   .............
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
နေ့ သစ် ....... သို့ 
နေ့ သစ်  .......  သို့ 
ကမ္ဘာမြေတောင်  တိမ်းစောင်းပြီး လည်ပတ်နေခဲ့ ရ
ငါတို့ လဲ 
အတိမ်းအစောင်းလေးတွေ  ရှိခဲ့ ပေါ့ 
နေကောင်းလား ........အချစ်
ငါတို့   ဝေးနေတဲ့  ညတွေဆို
မင်း
အိမ်မက်ဆိုးတွေနဲ့   ယောင်ယောင် ငိုဖူးရဲ့ 
နင့် အပြုံးတွေမမြင်ရတဲ့ နေ့ တွေဆို
ငါ
အလွမ်း  မိုးတိမ်ထူထူ ကို ခိုစီးနေခဲ့ ရ
အချစ်ရေ .......  ပျော်ရွှင်ပါစေ
ငါပို့ ချင်တဲ့ အလွမ်းတွေ နင့် ဆီမရောက်နိုင်ခဲ့ သလို
ငါရေးနေတဲ့  နင့် အိမ်မက်တွေ  နင် မသိနိုင်ခဲ့ ဘူး
ငါတို့ ရဲ့  ပစ်မှတ်ဟာ
ဟောဒီ    ဗဟိုမှန်းသိရက်နဲ့ 
အကြိမ်ကြိမ်ကြိုးစားတိုင်း  ငါ  လွဲချော်နေသလို
နင်  မျောမဲ့ အလွမ်းပန်းလှေမှာ
နင်ကိုယ်တိုင် ဖေါင် တစ်ခုအဖြစ်မဆောက်နိုင်ခဲ့ သေးဘူး
နေကောင်းလား ........အချစ်
ဘယ်ဘ၀ရောက်ရောက်ဆိုတဲ့ ဆုတောင်းကို
နင်  ချွေခဲ့ သလို
ငါ  မလစ်ဟင်းခဲ့ ပါဘူး
" ဒီလိုနဲ့ ပဲ " ဆိုတဲ့ ဇာတ်သိမ်းကို
နင်  မကြိုက်သလို
ငါလဲ  မနှစ်မြို့ ခဲ့ ပါဘူး
နင် ရှေ့ ကိုခြေလှမ်းတွေ ကြိုးစားပြီးတိုးခဲ့ သလို
ငါလဲ တစ်ဖ၀ါးမှနောက်မဆုတ်ခဲ့ တာ
နင်  အသိပဲလေ
ဒီနေ့ 
နီးရက်နဲ့  ဝေးရတယ်ဆိုတဲ့   လမ်းအိုဟောင်း ကနေ
နောက်ပြန်လှည့် လိုက်တယ်
ငါ
အလွမ်းတွ အပြည့် တင်လာတဲ့  အခါ
နင်
အနမ်းတွေနဲ့   ဆီးကြိုပါတော့ 
နေကောင်းလား ..... အချစ်
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»
လမင်း
လမင်း
အသက်ကိုဝအောင်ရှုပြီး
ည အမှောင်
ကောင်းကင်ရဲ့   အမြင့် ဆုံးအရာကို   လက်ညိုးညွှန်လိုက်
အဲဒါ       ငါချစ်တဲ့    လမင်း
လမင်း ရေ
ငါက       အေးမြတဲ့ အလင်းရောင်ကို  ငတ်မွတ်နေခဲ့ တာပေါ့ 
ဖုန်တထောင်းထောင်းထနေတဲ့   မြေဆိုးမှာလဲ
အနာဂါတ်ကို ယုံကြည်စွာ ကြဲဖြန့် ဘူးရဲ့ 
ပြန်မရနိုင်တဲ့   နောင်တတွေလဲ
သိုလှောင်ရုံမှာ ပြည့် သိပ်လို့ 
ငါ့ ရဲ့   ယုံကြည်ရာတွေထွန်းလင်းဖို့
မင်း      အလင်းရောင်လိုတယ်
ငါ
မောပန်းလွန်းခဲ့ ပြီ
ရွှံဗွက်ထူထူလမ်း   ဖုန်းဆိုးမြေ
ကျိန်စာသင့်  ဂန္တ၀င်လမ်း     ရုပ်သေးကြိုးပြတ်ပြဇာတ်
တံလျှပ်တွေရဲ့ စေစားရာ
ငါလက်ပန်းကျနေပြီ
အရိပ်ဆိုး အမှောင်ညတွေ  မင်းရှိမှဖြစ်မှာပေါ့ 
အသက်တွေ ဘယ်လောက်ကြီးကြီး ဆိုတဲ့ စိတ်နဲ့ 
အိမ်မက်တွေ ယုံကြည်စွာတူးဆွဖို့ 
မင်း    အလင်းနဲ့     လမ်းပြပါ
လမင်းရေ
ညဉ့် နက် ဘ၀မှောင်ချိန်တောင်
မင်းအနမ်းနဲ့  နေ၀င်ချင်သေးရဲ့ 
ပူပင်ရလွန်းတဲ့  သံသရာမှာ
ခဏတော့  ငြိမ်းချမ်းချင်ရဲ့ 
ငါ
လမင်း ကို ချစ်မိတာ မှားလား
စိုးပိုင်ဦး
Posted by မိုးမြင့်သီဟ 0 comments»