လှည့် မကြည့် ပေမဲ့ မြင်နေရတဲ့ နေ့ 
ဘယ်သူမှမတောင်းဆိုပဲရောက်လာခဲ့ တဲ့ 
ကမ္ဘာကျော်ရက်စက်ယုတ်မာမှု့ ရဲ့ အပက်စက်ဆုံးသောနေ့ 
မပြီးပြည့် စုံကြပေမဲ့ 
အစီအစဉ်တစ်ကျသာယာနေတဲ့ မိသားစုဘ၀လေးတွေကို
အစာနာမဲ့ စွာမင်းမူသွားခဲ့ ပေါ့ 
အမှောင်မှာရန်သူကိုအလစ်ဝင်ရောက်
ဘယ်သူမှမတောင်းဆိုပဲရောက်လာခဲ့ တဲ့ 
ကမ္ဘာကျော်ရက်စက်ယုတ်မာမှု့ ရဲ့ အပက်စက်ဆုံးသောနေ့ 
မပြီးပြည့် စုံကြပေမဲ့ 
အစီအစဉ်တစ်ကျသာယာနေတဲ့ မိသားစုဘ၀လေးတွေကို
အစာနာမဲ့ စွာမင်းမူသွားခဲ့ ပေါ့ 
အမှောင်မှာရန်သူကိုအလစ်ဝင်ရောက်
မင်းက သေသပ်တိကျလွန်းလေစွ
သားတို့  သမီးတို့  ကျွန်တော်ကျွန်မတို့ 
ဘာမှားလို့ လဲဆိုတာလေးတောင်မေးခွင့် မရှိလိုက်
မင်းကကြမ်းကြုတ်လွန်းတဲ့ စစ်ဘုရင်
သူတို့ ချစ်တဲ့ ပင်လယ်နဲ့ 
သူတို့ ရဲ့ အတောင်တွေကို
မင်း ရေစွတ်ပေးလိုက်တာပဲ
ရေပြင်မှာငရဲနဲ့ နပန်းလုံးနေကြတဲ့ 
ကယ်ပါယူပါ အသံတစာစာတွေလဲ
မင်းနှလုံးသားမဲ့ စွာလစ်လျှူရှုလိုက်တာပဲ
သားသည်အမေ လူမမယ်ကလေးနဲ့ အဖိုးအဖွားတွေလဲ
မင်း မျက်နှာလွဲလိုက်တာပဲ
ရဟန်း သံဃာ ကျောင်း သိမ် ဇရပ်တွေလဲ
မင်း နင်းခြေလိုက်တာပဲ
ဒါတောင်အားမရဘူးလား
ရေစိုနေတဲ့ ဝတ်လစ်စလစ်ခန္ဓာတွေက
မင်း ပေးတဲ့ အအေးဒါဏ်ကို တစ်ညလုံးအံတုလိုက်တော့ 
မနက်အလင်းမှာ အသက်မဲ့ ခန္ဓာ
ကမ်းခြေမှာကစဉ်ကလျားရှိနေတဲ့ 
ဖိနပ်အရံပေါင်းများစွာကလဲ
သူတို့ ပိုင်ရှင်ကိုမျော်နေဆဲပေါ့ 
သားပျောက်အမေနဲ့  အမေပျောက်သား
မယားပျောက်လင်နဲ့  လင်ပျောက်မယား
ငိုရလွန်းလို့ မျက်ရည်ကမထွက်တော့ ဘူး
တနေရာရာက ပြန်ထူးလိမ့် နိုးနိုးနဲ့ 
ဟစ်အော်ရလွန်းလို့  လေသံကတစ်ရှပ်ရှပ်
မကြောက်မရွံ အလောင်းကောင်တွေဖယ်မရင်း
ကမ္ဘာပျောက်ရှာသူရဲ့ သောကတွေ
အက်ဆစ်မိုးတွေထိလို့  မီးလောင်ပြင်ခန္ဓာကိုယ်တွေရဲ့ အရွေ့ က
အရှင်လတ်လတ် ဖုတ်တစ္ဆေ
ခိုကိုးရာမဲ့ ဘ၀ကို ဘာနဲ့ မှမလဲလှယ်ရပဲ
တစ်ခဏတွင်း ပိုင်ဆိုင်သွားခဲ့ တဲ့ ဘ၀တွေ
အဲဒါတွေက
မင်း စစ်တလင်းမှာကျန်နေခဲ့ တဲ့ 
တစပြင် ပေါ့  နာဂစ် ရေ
နှစ်တွေဘယ်လောက်ပြောင်းပြောင်း
ဒီလိုနေ့  ရောက်တိုင်း အမျှဝေသံတွေကြားနေရဦးမှာ ...........။
စိုးပိုင်ဦး
(၃)နှစ်ပြည့် နာဂစ်အမှတ်တရ
Categories:
ကဗျာ