:: Visited My Home ::

free counters

:: My Facebook ::


:: My Multiply ::

Photobucket

သီတာကိုယ်တိုင်ရေငတ်လို့ 

သီတာကိုယ်တိုင်ရေငတ်လို့ 

ရှောင်လွှဲမရတဲ့ ကံကြမ္မာမှာ
မင်းအာခေါင်ခြောက်နေရောပေါ့ 
လွှတ်ချခဲ့ ရတာနဲ့  ထမ်းပိုးနေခဲ့ ရတာ
ဆတူညီတယ်လို့ မင်းထင်မှတ်ထားနေတုန်း
ဒါပေမဲ့ အစွန်းအထင်းဟာ
လျော်ဖွတ်လို့ မရတော့ တဲ့ ခြေရာ
အတိတ်ရဲ့ အရိပ်ကို ရိုးသားတဲ့ မင်းရဲ့ စိတ်နဲ့ လိပ်ပြာသန့် စွာ
ဖုံးအုပ်ဖို့ ကြိုးစားနေရတုန်း
သီတာ
မောပန်းနေပြီလား
တကယ်တော့ မင်းဘာအမှားမှမလုပ်ခဲ့ မိပါဘူး
အိပ်ငိုက်တာကိုခေါင်းညိမ့် တယ်လို့ တစ်ဖက်က ထင်သွားခဲ့ တာ
မင်းလျောက်တဲ့ ခြေလှမ်းတွေကလေးလွန်းနေမှန်းသိချိန်
လည်ပြန်ကြည့် တော့ မင်းအရိပ်တွေအရမ်းရှည်နေတာ
အံသြနေပြီလား
မျက်ရည်တွေကိုပဲအဖေါ်ပြုနေမယ်ဆိုရင်
နိမ့် သွားတဲ့ မြေကြီးအတွက်ထိုးစိုက်မဲ့ လှံတွေကလဲအသင့် 
သီတာ
မနေ့ ကမင်း ခေါင်းပန်းလှန်ကြည့် တော့ 
ဓါးတစ်လက်ဟာ မင်းရဲ့ ခါးကြားထဲရောက်လာမယ်
ယုံကြည်ရာဟာ ပတ်ဝန်းကျင်ကိုအချက်ပြနေဖို့ မလိုအပ်ဖူး
လက်ကနာရီကို ငုံ့ကြည့်မိတိုင်း
နောက်ပြန်သွားစေဖို့စိတ်ကူးနေမိခဲ့ လိမ့်မယ်
လျော့ ခွေသွားတဲ့ မင်းရဲ့ စိတ်မှာ
ခါးကြားကဓါးက မျက်ရည်သုပ်တဲ့ အ၀တ်တစ်စဖြစ်တော့ မယ်
မင်းတင်းထားတဲ့ မာနက မင်းအနာဂါတ်ရဲ့ စစ်ကဲပဲ
မင်းကူးခပ်ဖူးတဲ့ တောအုပ်က
မင်းကိုယ်တိုင်မေ့ပစ်ရတော့ မဲ့ အိမ်မက်ဆိုးပဲ
သီတာ
ဒီတစ်ခါ ကံကြမ္မာရဲ့ တံခါးခေါက်သံကြားရင်
ခါးကြားကဓါးကိုဆွဲပြီး ရဲရဲဝံ၀ံဖွင့် လိုက်စမ်းပါ      


စိုးပိုင်ဦး

Posted by မိုးမြင့်သီဟ 1 comments»