မင်းနဲ့ ငါကြား
မင်းက ရုပ်သံတွေအများအပြားလွှင့် တဲ့ ဂြိုလ်တုဖြစ်တဲ့ အချိန်
ငါ့  ဆီမှာက T.V တောင်ရှိမနေခဲ့ 
ငါ တစ်ဖက်ကမ်းမှာရှိနေတော့ လဲ
မင်း ကူးခပ်လာစရာ လှေ သမ္မာန်မရှိခဲ့ 
မင်း ထားခဲ့ တဲ့  ခြေရာတွေလဲ
ငါ လိုက်ကောက်ဖို့  သီအိုရီမေ့ ခဲ့ 
မင်း ကမ်းကပ်ဖို့ ဆွဲတဲ့  ဥသြ သံမှာ
ငါ ကလဲ ဆိပ်ကမ်းအဖြစ်ရှိမနေခဲ့ 
ငါ အရေးပေါ် ပစ်လွှတ်တဲ့  မီးရှုးမှာ
မင်း ကလဲ ထူးခြားစွာ အိပ်နေခဲ့ 
မင်း အိပ်ရာနိုးတိုင်း
ငါ အရင်လို မနမ်းမိခဲ့ 
ငါ အဝေးသွားတိုင်း ပြန်လာချိန် ကို
မင်း အရင်လို မျှော်မနေခဲ့ တော့ 
မင်းနဲ့ ငါကြား
ဒီလိုနဲ့ပဲ ခြောက်သွေ့ ခဲ့ 
အိမ်မက်မြစ်တွေဆေးရောင်လွင့် ခဲ့ 
တိုက်ဆိုင်လွန်းအားကြီးခဲ့ ပြီး မတိုက်ဆိုင်လွန်းခဲ့ 
မင်း ထားခဲ့ တဲ့ အနမ်းတွေ
ခုထိ ငါ တယုတယ ထွေးပွေ့ တုန်း
ငါ သိပ်ချစ်ခဲ့ တာ တစ်ကမ္ဘာလုံးမသိပေမဲ့ 
မင်းနှလုံးသားမှာ မင်ကြောင် ရုပ်လေးရှိရဲ့ 
မင်း လွမ်းတဲ့ အခါများ
ညဉ့် ကောင်းကင်မှာ ကြယ် အသစ်တွေတောင်ထွက်ခဲ့ ပေါ့ 
မခေါ်မပြောပဲထားတဲ့  ဝေဒနာတွေဟာ
မင်းနဲ့ ငါ ကြား
ခုထိ တရှိုက်မက်မက်ရှိနေဆဲ
ဒါပေမဲ့ 
ဘယ်လိုပဲဖြစ်ဖြစ် ဒီခရီးကိုအဆုံးထိလျှောက်မယ်ဆိုတဲ့ 
ကတိပြုစာချုပ်မှာ
နှစ်ဦးစလုံး လက်မှတ်ထိုးဖို့  ..... မေ့ခဲ့  ....။
စိုးပိုင်ဦး
မင်းက ရုပ်သံတွေအများအပြားလွှင့် တဲ့ ဂြိုလ်တုဖြစ်တဲ့ အချိန်
ငါ့  ဆီမှာက T.V တောင်ရှိမနေခဲ့ 
ငါ တစ်ဖက်ကမ်းမှာရှိနေတော့ လဲ
မင်း ကူးခပ်လာစရာ လှေ သမ္မာန်မရှိခဲ့ 
မင်း ထားခဲ့ တဲ့  ခြေရာတွေလဲ
ငါ လိုက်ကောက်ဖို့  သီအိုရီမေ့ ခဲ့ 
မင်း ကမ်းကပ်ဖို့ ဆွဲတဲ့  ဥသြ သံမှာ
ငါ ကလဲ ဆိပ်ကမ်းအဖြစ်ရှိမနေခဲ့ 
ငါ အရေးပေါ် ပစ်လွှတ်တဲ့  မီးရှုးမှာ
မင်း ကလဲ ထူးခြားစွာ အိပ်နေခဲ့ 
မင်း အိပ်ရာနိုးတိုင်း
ငါ အရင်လို မနမ်းမိခဲ့ 
ငါ အဝေးသွားတိုင်း ပြန်လာချိန် ကို
မင်း အရင်လို မျှော်မနေခဲ့ တော့ 
မင်းနဲ့ ငါကြား
ဒီလိုနဲ့ပဲ ခြောက်သွေ့ ခဲ့ 
အိမ်မက်မြစ်တွေဆေးရောင်လွင့် ခဲ့ 
တိုက်ဆိုင်လွန်းအားကြီးခဲ့ ပြီး မတိုက်ဆိုင်လွန်းခဲ့ 
မင်း ထားခဲ့ တဲ့ အနမ်းတွေ
ခုထိ ငါ တယုတယ ထွေးပွေ့ တုန်း
ငါ သိပ်ချစ်ခဲ့ တာ တစ်ကမ္ဘာလုံးမသိပေမဲ့ 
မင်းနှလုံးသားမှာ မင်ကြောင် ရုပ်လေးရှိရဲ့ 
မင်း လွမ်းတဲ့ အခါများ
ညဉ့် ကောင်းကင်မှာ ကြယ် အသစ်တွေတောင်ထွက်ခဲ့ ပေါ့ 
မခေါ်မပြောပဲထားတဲ့  ဝေဒနာတွေဟာ
မင်းနဲ့ ငါ ကြား
ခုထိ တရှိုက်မက်မက်ရှိနေဆဲ
ဒါပေမဲ့ 
ဘယ်လိုပဲဖြစ်ဖြစ် ဒီခရီးကိုအဆုံးထိလျှောက်မယ်ဆိုတဲ့ 
ကတိပြုစာချုပ်မှာ
နှစ်ဦးစလုံး လက်မှတ်ထိုးဖို့  ..... မေ့ခဲ့  ....။
စိုးပိုင်ဦး
Categories:
ကဗျာ