ဆုံဖြစ်ကြရင်
ငါက ပန်းတွေသီတာဝါသနာပါတယ်
မင်းက ပန်းပန်ရတာနှစ်သက်တယ်
ဒီနေ့တော့
အလွမ်းယဉ်ပျံကို သေချာပြင်ဆင်လို့
အနမ်းတွေကိုလဲ သေချာထုပ်ပိုးထားတုန်း
မင်းအပြုံးတွေက စိတ်ထဲမှာမိုးတွေလိုရွာချ
ကာလရှည်လွန်းသွားခဲ့တဲ့အမှောင်ထုမှာ
ဖြစ်ကနဲလင်းတော့
အံသြစွာနဲ့ ငါ့လက်တစ်ဖက်ကိုကျစ်ကျစ်ပါအောင်
ငါက ပန်းတွေသီတာဝါသနာပါတယ်
မင်းက ပန်းပန်ရတာနှစ်သက်တယ်
ဒီနေ့တော့
အလွမ်းယဉ်ပျံကို သေချာပြင်ဆင်လို့
အနမ်းတွေကိုလဲ သေချာထုပ်ပိုးထားတုန်း
မင်းအပြုံးတွေက စိတ်ထဲမှာမိုးတွေလိုရွာချ
ကာလရှည်လွန်းသွားခဲ့တဲ့အမှောင်ထုမှာ
ဖြစ်ကနဲလင်းတော့
အံသြစွာနဲ့ ငါ့လက်တစ်ဖက်ကိုကျစ်ကျစ်ပါအောင်
ဘာပဲဖြစ်ဖြစ်လေ
မင်းပျော်နေတဲ့အပြုံးက
ငါဆင်မြန်းပေးတဲ့စံပယ်ပွင့်လေးေ
တွေ့ဖြစ်ကျရင်
မင်းကလဲ ကျိတ်ငိုခဲ့ရတဲ့ မျက်ရည်နဲ့ဆောက်ထားတဲ့
ကျောက်စရစ်ပိရမစ်လေး ထုပ်ပြမယ်
ငါကလဲ
သစ္စာတရားကိုအခြေပြုပြီး ပုံဖေါ်ထားတဲ့
အနာဂါတ်အိမ်လေးပြမယ်
ခမ်းနားလွန်းတဲ့အိမ်မက်တွေကို
လက်ချင်းချိတ်ပြီးရင်ကော့ လျောက်ရမဲ့နေ့
တွေးနေရင်တောင်
ငါ့နှလုံးသားတွေတဆတ်ဆတ်ခါလို့
မင်း
အလွမ်းတောင်ဆွယ်မှာမိုးခိုနေတာ
ငါလှမ်းမြင်မိတယ်
စိုးပိုင်ဦး
Categories: