ချစ်ခြင်းတရားရဲ့မနက်ဖြန်
မနက်ခင်းတစ်ခုက ပုံမှန်အတိုင်းမွေးဖွား
အဆုပ်ထဲအားရပါးရရှုသွင်းတဲ့ လေမှာ
ခလုပ်တိုက်တယ်
လျောက်နေကြလမ်း
ကားအဖြတ်မှာရွှံစင်တယ်
ကိုစစ်ထွေးရေ ကျဆိမ့် တစ်ခွက်
သောက်နေကြလက်ဘက်ရည်
ဒီနေ့ မှ ထသီးတယ်
ချောင်းဟန့်ပီးအသက်ရှုတော့ 
အငွေ့ အသက်
ဘယ်လိုပြောရမလဲဆိုတော့  ဘယ်လိုမှပြောလို့ မရဘူး
လက်နက်ပုန်းနဲ့ ချောင်းအပစ်ခံရသလိုလို
ခန္တာကိုယ်တစ်နေရာမှာစူးနစ်သွား သယောင်ယောင်
ဘာ့ ကြောင့် လဲဆိုတဲ့ တီးတိုးမေးခွန်းမှာ
စီးကရက်ငွေ့ ကို မှုပ်ထုပ်ပစ်လိုက်တယ်
လက်ဘက်ရည်တစ်ကျိုက်ဆက်မော့ တော့ 
အမြင်အာရုံ
သိစိတ် မသိစိတ်
ဖြတ်ကနဲ ထောင့် တစ်နေရာ
ဘာဖြစ်သွားတာလဲဆိုတဲမေးခွန်းမှာ
စီးကရက်အငွေ့ ကို ကျေနပ်စွာမှုပ်ထုပ်ပစ်လိုက်တယ်
မသေဆုံးနိုင်တဲ့ ချစ်ခြင်းမေတ္တာ
အနှုတ်နှစ်ခုပေါင်းရင် အပေါင်းလက္ခဏာပြန်ရတဲ့ 
သီအိုရီကို လက်ကိုင်ထားရင်း
ဒီနေ့ ကျွန်တော်
အဲဒီအပင်ပေါက်လေးကို
ဆက်ပြီးရေလောင်းနေမိပါတယ် ။ ။
စိုးပိုင်ဦး
Categories:
ကဗျာ